အခန်း(၁၁)

257 15 0
                                    

မနက်ဖြန်ဆိုရင် ကျွန်မရဲ့ ချစ်ရတဲ့ ဒေါက်တာနဲ့အတူတူရှိတာ ရက်ပေါင်း (၆၀) တနည်းအားဖြင့် (၂) လရှိခဲ့ပါပြီ။ ဒီနှစ်လဆိုတဲ့ အချိန်ကာလက ဘဝမှာ ပျော်စရာကောင်းတဲ့ ကာလတစ်ခုလို့ဆိုရင်လည်း မှားစရာမရှိပါ။ ထိုပျော်စရာလေးတွေယူဆောင်လာပေးတဲ့ အန်တီ့ကိုပိုင်ဆိုင်ရတဲ့ ကျွန်မက ပိုလို့တောင်ကံကောင်းတယ်ဟု ဆိုနိုင်သည်။

" ဟယ်လို အန်တီ"

"လွန်း ကလေး ပြောလေ "

"မနက်ဖြန်ဘာနေ့လည်း မှတ်မိရဲ့လား ကျွန်မရဲ့ဒေါက်တာ"

"ဘာနေ့လည်း တို့မမှတ်မိဘူးရယ်" medical စာအုပ်ထူကြီးကို ဖတ်နေရင်း ပြန်ဖြေမိသည်။

" အာ အန်တီ မစနဲ့နော် "

"လွန်း ပြောရင်လည်း ပြောကွယ် တို့မနက်ဖြန် operation တစ်ခုရှိလို့ history တွေပြန်ဖတ်နေတာ ကလေးရဲ့ "

" မနက်ဖြန် လွန်းတို့ anniversary လေ "

" အာ ဟုတ်သားပဲ ဘယ်လိုလုပ်မလဲ တို့ OP ဝင်ရမှာ "

" ဒါဆို ဘယ်ချိန်လောက် ပြီးမှာလဲ "

" ၈ နာရီ စမှာဆိုတော့ ၁၂ လောက်ဆိုအားပြီ အဲ့ကျမှအဲ့အချိန်ပေးမယ်နော် လွန်း"

" အွန်း ကတိနော် ပြောမယ့်သာ ပြောတာ လွန်းလည်း အဲ့အချိန်လောက်မှ အားမှာ assignment ထပ်ရအုံးမှာမလို့ "

"တို့တွေရဲ့ medical field ထဲက လူတွေက အားတယ်ကိုမရှိဘူးနော် တစ်နည်းမဟုတ်တစ်နည်းတော့ အလုပ်ရှုပ်နေကြတာပဲ ဆရာဝန်လည်း ဆရာဝန်အလျောက် သူနာပြုလည်း သူနာပြုအလျောက် ပင်ပန်းကြတာပဲ"

"တော်ပါသေးတယ် ပင်ပန်းပေမယ့် တို့ဘေးမှာ တို့မိန်းကလေးရှိနေလို့ပင်ပန်းတာတွေ တစ်ဝက်လောက်က သက်သာနေတာ ဒါမဲ့ဆို မလွယ်ဘူး"

"အားးး"

" ဘာဖြစ်လို့လဲ လွန်း"

" ‌အန်တီပြောလိုက်တာ ရင်ထဲထိသွားလို့ ဟီးး"

" တကယ်ပါပဲ လွန်းကတော့လေ ဒီက စိတ်ပူသွားတာကို"

" ဟီးး ဒါပဲနော် အန်တီ လုပ်စရာရှိတာလုပ် လွန်းလည်း assignment ဆက်ရေးလိုက်အုံးမယ်"

သို့ အကြင်သူ...Where stories live. Discover now