အခန်း(၅)

281 23 0
                                    

အဆောင်ပြန်ရောက်တော့ အခန်းထဲမှာရှင်းစရာရှိတာရှင်းပြီး ခဏနားလိုက်သည်။ ဖူးကတော့ နောက်နှစ်ရက်လောက်နေမှပြန်လာမယ်တဲ့လေ။ ကျန်တဲ့သူတွေကတော့ မနက်ဖြန်ရောက်မယ် ဆိုပဲ။လောလောဆယ်တော့ အခန်းထဲမှာ ကျွန်မတစ်ယောက်တည်းပင်။

🎶 Take me home I'm falling 🎶

ဖုန်းလာနေတာကြောင့် content ကို ကြည့်လိုက်တဲ့အခါတွေ့လိုက်ရတဲ့ နာမည်လေးက " အန်တီမေ " တဲ့လေ။

"ဟဲလို အန်တီ "

" လွန်း အဆင်ပြေရဲ့လား "

" ပြေပါတယ် အန်တီ လောလောဆယ်တော့ အခန်းထဲမှာ တစ်ယောက်တည်း သူငယ်ချင်းတွေကပြန်မလာသေးဘူး"

"ဟုတ်လား တစ်ယောက်တည်းဆိုတော့ဖြစ်ပါ့မလား "

"ဖြစ်ပါတယ် "

"အခုဘာစားပြီးပြီလဲ "

" ဘာမှမစားရသေးဘူး သိမ်းစရာရှိတာတွေသိမ်းနေရလို့လေ "

"ဒါဆို တို့နဲ့ နေ့လည်စာလိုက်စားပါလား "

" ရပါတယ် အန်တီ လွန်းဘာသာဝယ်စားလိုက်ပါ့မယ် "

"မရပါဘူး တို့အဆောင်ရှေ့ကိုရောက်နေပြီ "

"ဟင် "

လွန်းတို့အဆောင်က ဒုတိယ အထပ်မှာဆိုတော့ အခန်းရှေ့ထွက်လျှင် လမ်းမကိုမြင်ရသည်။ ဟုတ်သည်ပဲ အန်တီရဲ့ kluger ကားအမဲလေး။ ကျွန်မထွက်ကြည့်လိုက်တော့ မှန်တံခါးကိုချပြီး လက်လှမ်းပြနေတဲ့အန်တီ ။

"ဒါဆို ခဏစောင့်နော် ကျွန်မ ချက်ချင်း ပိုက်ဆံအိတ်ယူပြီးဆင်းခဲ့မယ်"

" ပိုက်ဆံအိတ်ဘာလုပ်ဖို့ယူမှာလဲ တို့ဝယ်ကျွေးမှာပါဆိုတာကို "

" အန်တီကိုအားနာလို့ပါ "

" လာပြန်ပြီ အားနာတာ တို့နဲ့မင်းကြားမှာအားနာစရာမလိုပါဘူး "

"ဟုတ် ဒါဆို ကျွန်မ ဆင်းလာပြီနော် "

"တို့စောင့်နေတယ် "

အောက်ကို ရောက်တော့ အန်တီက ကားကိုမှီပြီးစောင့်နေသည်။ မနက်က တွေ့ခဲ့တဲ့အတိုင်းလေးလှနေတုန်းပဲ ဒီအမျိုးသမီးမလှတဲ့အချိန်ရောရှိသေးရဲ့လား ။

သို့ အကြင်သူ...Where stories live. Discover now