အခန်း(၁၅)

281 21 2
                                    

တနေကုန် ဆေးရုံမှာ အလုပ်လုပ်နေရပေမယ့် လူကစိတ်မပါပေ။ ထိုလူနဲ့ အန်တီ့ကိုတွဲမြင်လိုက်ရတာ ရင်ထဲမှာ ခံစားချက်မကောင်းပေ။ ဘယ်လိုပဲ မိတ်ဆွေပဲပြောပြော ထိုသူက ယောက်ျားလေ။ ဘယ်လိုနည်းနဲ့မှ စိတ်ချနိုင်‌စရာမရှိပါ။ သဝန်တိုတယ်ပဲပြောပြော ပထမဆုံးအချစ်မလို့ အန်တီ့ကိုတော့ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံနိုင်ပါ။ မျက်ဝန်းနက်နက်လေးတွေ၊ အပြုံးချိုချိုလေးတွေ၊ ပြုံးလိုက်တဲ့အခါ မို့တက်သွားတဲ့ ပါးမို့လေး‌တွေ၊ လက်သွယ်သွယ်လေးတွေ ဒါတွေအကုန်လုံးကို အသေးစိတ်ကအစမြတ်နိုးတဲ့သူမို့ဆုံးရှူံးရမှာ ကြောက်တာလည်း ပါမည်။ ပြုံးလိုက်ရတဲ့အကြောင်းအရင်းက ကိုယ်ပဲဖြစ်စေချင်တဲ့အထိအန်တီ့ကိုသဝန်တိုပါသည်။

" ညီမ ဘာတွေစဉ်းစားနေတာလဲ "

" ဒီလိုပါပဲ အစ်မရယ် ရောက်တက်ရာရာပေါ့ "

" ဆေးရုံရောက်ကတည်းက စိတ်နဲ့လူနဲ့မကပ်သလိုပဲ ရည်းစားနဲ့ရန်ဖြစ်ထားလို့လား"

" မဟုတ်ပါဘူး"

" မဟုတ်ရင်လည်း လာတော့ injection time နီးပြီ injection အစ်မနဲ့ကူပြင်ပေး"

"ဟုတ် အစ်မ "

ထိုအချိန်

" bizz bizz bizz"
Contact ကိုကြည့်လိုက်တော့ အန်တီပင်။ စိတ်အဆင်မပြေတဲ့အချိန်မှာ ဘယ်သူ့ကိုမှစကားမပြောချင်သေးတာကြောင့် ဖုန်းမကိုင်ပဲချလိုက်သည်။ပြီးတဲ့နောက် အစ်မနောက်ကို injection ဝိုင်းပြင်ပေးဖို့ လိုက်သွားလေသည်။

"ဟာ လွန်းကလည်း ဘာလို့ဖုန်းကိုချသွားရတာလဲ"

ဒီကလေးကတော့မနက်ကအကောင်းကြီးရှိသေးတာကို ချက်ချင်းသူမဟုတ်သလိုပြောင်းလဲသွားတော့တာပါပဲကွယ်။ ရည်းစားရထားတာ ကလေး‌ထိန်းနေရသလိုပါပဲ။

..............................................................

"ဟဲ့ လွန်း မနက်က လန်းဆန်းတက်ကြွနေတဲ့ မျက်နှာက အခုမှုန်ကုတ်နေတာပဲ ဘာဖြစ်လာတာလဲ"

" ဒီတိုင်းပါ ဘာမှမဖြစ်ပါဘူး "

" တစ်ခုခုဖြစ်နေပါတယ် ဘာဖြစ်လို့လဲ"

" နောက်မှအေးဆေးပြောတာပေါ့ အခုတော့ အစ်မခေါ်နေလို့သွားလိုက်အုံးမယ်"

သို့ အကြင်သူ...Where stories live. Discover now