"လွန်းရေ လွန်း ငါတို့ပြန်ရောက်ပြီ"
"အေး စောသားပဲ "
"မနက်ဖြန်ကျောင်းတက်ရမှာဆိုတော့ စောစောပဲပြန်လာလိုက်တယ်"
ကျန်တဲ့လေးယောက်ပြန်ရောက်လာပြီဆိုတော့ အခန်းထဲမှာအရင်လိုဆူညံသံတွေပြန်လည်ဝေဆာလာပြီဖြစ်သည်။
"ညနေကျရင် မော်တင်ဘက်မှာ မုန့်သွားစားရအောင်"
"အေးသွားမယ်လေ မာလာရှမ်းကောဆိုင်က အန်တီကြီးရော အကင်ဆိုင်ကအကိုကြီးရောကို လွမ်းလှပြီ"
"နင့်မလဲလေ အိမ်ပြန်တာ တစ်လကို ငတ်ပြတ်လာတာကျလို့"
ပြန်ရောက်တာနဲ့ ဝတ်ရည်နဲ့ဖူးရဲ့ စကားနှာထိုးခြင်းကလည်းစတင်လာခဲ့ပါသည်။ အစ်မကတော့ထုံးစံအတိုင်း ဘာမှမပြောပဲ လုပ်စရာရှိတာကိုသာလုပ်နေဆဲပင်။
"လွန်း လွန်း ဟဲ့ လွန်း "
"ဟင် ဘာဖြစ်လို့လဲ"
"ဒီမှာခေါ်နေတာကြာလှပြီ ဘာတွေငေးငိုင်နေတာ ဘာလဲ မရှိတဲ့ရည်းစားပူမိနေတာလား"
"မဟုတ်ပါဘူးဟာ ငါ့ဘာသာစဉ်းစားနေတာပါ"
"အဲ့ဒါခဏထား ညနေကျရင် မော်တင်သွားမယ် လိုက်မှာလား "
"အေး လိုက်မှာလေ "
"လိုက်ရင်လည်းပြီးရော "
တကယ်တော့ အန်တီမနေ့က ဖုန်းကိုရုက်တရက်ဘာလို့ချသွားတာလဲစဉ်းစားနေခြင်းပင်။ စိတ်ဆိုးသွားတာလား။ စိတ်ကောက်သွားတာလား။ မသိတော့ဘူး ဖုန်းခေါ်လိုက်ရင်ကောင်းမလား အာ စိတ်ရှုပ်လိုက်တာ..
^^^"အခန်းတံခါးသေချာပိတ်အုံး"
"ပိတ်ပြီးပြီ ကဲသွားမယ် "
အဆောင်ပေါ်ကဆင်းဆင်းခြင်း အန်တီရဲ့ kluger ကားအမဲရောင်လေးကိုတွေ့လိုက်ရသည်။ ကားမှန်ကိုချလိုက်ပြီး ကားထဲကနေလက်လှမ်းပြလိုက်သည်။ ပြီးတော့ ကားထဲကနေထွက်လာပြီး ကားဘေးမှာ ဆလင်းဘက်အိတ်ကို လက်ဖျံမှာချိတ်ပြီးမတ်တပ်ရပ်နေလျက်စောင့်နေသည်။ မျက်နှာလေးကပင်ပန်းသည့်အရိပ်အယောင်ရှက်ပြေးနေပေမယ့် နဂိုအတိုင်း လှနေဆဲပင်။
YOU ARE READING
သို့ အကြင်သူ...
Romansaလွန်းသာ တို့ဘဝ ထဲကထွက်သွားမယ်ဆိုရင် ပထမဆုံးခြေလှမ်းလှမ်းလိုက်တာနဲ့ တို့ဆိုတာ လေထဲက မြူမှုန်လေးလို ပျောက်ကွယ်သွားရလိမ့်မယ်.....