ဒီနေ့က စနေနေ့ဆိုတော့ အန်တီနဲ့ ဘုရားသွားချိန်းထားသည်။ စောစောထဖို့ alarm ပေးထားပေမယ့် အိပ်ပျော်သွားလို့ထင်ပါရဲ့ alarm သံမြည်တာကို မသိလိုက်ပေ။ အန်တီဖုန်းဆက်ပြီးနိုးမှပဲနိုးတော့သည်။ မျက်နှာသစ် ပြီး မနက်စာအနေနဲ့ ကော်ဖီနဲ့ မနေ့က ဆေးရုံက အပြန်ဝယ်ထားသည့် Good morning ပေါင်မုန့်ကို ခပ်သွက်သွက်လေးစားလိုက်သည်။
" ဘာအကျီဝတ်သွားရင်ကောင်းမလဲ "
" တွေ့ပြီ "
ဟိုတစ်ခါ အိမ်ပြန်တော့ မေမေချုပ်ပေးလိုက်တဲ့ ဝမ်းဆက် လေးရှိသေးသည်။ တစ်ခါမှ မဝတ်ရသေးပေမဲ့ ရေချချင်တာကြောင့် ထုတ်ဝတ်လိုက်သည်။ ရင်ဖုံးအကျီခါးတိုကိုမှပုစဉ်းခေါင်းကြယ်သီးလေးတွေ တပ်ထားသည်။ အရောင်ကလည်း ပိဝောာက်ခြောက်ရောင်ဆိုတော့ အသားမဖြူလှသည့် လွန်းနဲ့လိုက်တယ်ပင်ဆိုရမည်။
" ဒီလောက်ဆိုအဆင်ပြေပါတယ်"
သာမန်ဝတ်နေကျ ရှပ်အကျီနဲ့ ဘောင်းဘီနဲ့မတူတဲ့ ကိုယ်ရဲ့ နောက်ထပ်ပုံစံတစ်မျိုးကိုတွေ့လိုက်ရသည်။
" အယ် စောစောစီးစီး ဘယ်သွားမလို့ အလှပြင်နေတာလဲ"
အခုမှမျက်နှာသစ်ပြီးပြန်လာတဲ့ ဝတ်ရည်လွှာက မေးသည်။
" ဘုရားသွားမလို့လေ "
"အန်တီနဲ့လား "
" ဒါပေါ့ "
" အွန်း အွန်း ပြန်လာရင် ပါဆယ်ဆွဲခဲ့အုံးနော် ငါတို့အတွက်"
" အွန်းပါ " ရယ်လျက်ပင်ပြန်ပြောမိတော့သည်။
" ဟိုသုံးယောက်နိုးရင် ပြောထားပေးအုံးနော် ခဏနေ ကားလာတော့မှာဆိုတော့ အောက်မှာသွားစောင့်နေမလားလို့လေ"
" အင်း ပြောထားပေးမယ် အတူတူဆင်းမယ်လေ မနက်စာသွားစားမလို့"
" လာလေ "
လှေကားကနေအတူတူဆင်းခဲ့ပြီး ဝတ်ရည်ကတော့ကမ္ဘောဇဘဏ်နားက ရှမ်းခေါက်ဆွဲစားချင်သည်ဟုဆိုကာသွားလေသည်။ လွန်းတစ်ယောက်တည်းပင် ကျောင်းရှေ့က ရေပန်းဝိုင်းနားမှာထိုင်ရင်း အန်တီအလာကိုစောင့်ဆိုင်းနေမိသည်။ ပြောနေရင်းနဲ့ပင် လာပါပြီ စောင့်ဆိုင်းနေရတဲ့ kluger ကားအမဲရောင်လေး။
YOU ARE READING
သို့ အကြင်သူ...
Romanceလွန်းသာ တို့ဘဝ ထဲကထွက်သွားမယ်ဆိုရင် ပထမဆုံးခြေလှမ်းလှမ်းလိုက်တာနဲ့ တို့ဆိုတာ လေထဲက မြူမှုန်လေးလို ပျောက်ကွယ်သွားရလိမ့်မယ်.....