အခန်း(၁၃)

202 11 0
                                    

" ဟယ်လို စစ်စတာ"

"ဟုတ်"

"ဟုတ် ဒါဆို သမီးပြောလိုက်ပါ့မယ် ဟုတ်ကဲ့ ဟုတ်ကဲ့"

"ဟဲ့ ဘာတဲ့လဲ" မျက်လုံးပြူးမျက်ဆံပြူးနဲ့ ဖူးတစ်ယောက်တော့ လန့်နေရပြီပင်။

" ဘာမှထွေထွေမဟုတ်ပါဘူး မနက်ဖြန်ကျရင် case စာအုပ်တွေထပ်ခဲ့တဲ့ ဒီနေ့ မအားလို့မပြောလိုက်ရဘူး ဆိုပြီး ဖုန်းလှမ်းဆက်တာ"

"နင်က ဘာလို့လန့်နေတာလဲ"

" ငါဟိုတစ်နေ့က ညနေဂျူတီမဝင်ပဲနဲ့ အပြင်သွားထားတာလေ အဲ့ဒါ ဖုန်းဆက်ပြီး ဆူတယ်ထင်လို့"

" နင်လည်းတုံးပါ့ နင်ကိုဆူချင်ရင် နင့်ဆီတိုက်ရိုက်ဆက်မှာပေါ့ ငါ့ဆီဆက်ပါ့မလား"

"အေးနော် ဟုတ်သားပဲ ဟီး"

" ငတုံးမ "

"ဟဲ့ နင်လွတ်အောင်ပြေးး"

"အစ်မကယ်ပါအုံး ညီမကို ဝတ်မှုန်ဖူးဝေလိုက်ရိုက်နေလို့"

ထိုအချိန်ကယ်တင်ရှင်မှာ အစ်မ အေးမြကြည်သာဖြစ်သည်။ အစ်မဆိုလျှင် ဖူးက မရိုက်ရဲပေ။ ဤသည်ကို အခွင့်ကောင်းယူ၍ အစ်မ နောက်ကိုဝင်ပုန်းလိုက်သည်။

" ဖူး ဘာလိုဖြစ်လို့ လွန်းကိုလိုက်ရိုက်နေရတာလဲ"

" လွန်းက လိုက်စတာကို အစ်မရဲ့ "

" ဪ ဖူးရယ် သူငယ်ချင်းအချင်းချင်းပဲကို သည်းခံလိုက်ပါ လွန်းအကြောင်းသိရဲ့သားနဲ့ "

" အစ်မတို့များလွန်းဆိုရင် သည်းသည်းလှုပ် ဟွန့် "
ပြောပြောဆိုဆိုနဲ့ နှုတ်ခမ်းဆူပြီး ဖူးတစ်ယောက်ထွက်သွားလေသည်။

" ကဲ လွန်း ‌အရှေ့ကိုလာလို့ရပြီ ဖူးသွားပြီ"

" ဟီးး အဲ့ကြောင့်အစ်မကိုချစ်တာ "

လွန်းကတော့ သာမန်အတိုင်းပြောပြီး ပါးကိုနမ်းလိုက်ပေမယ့် ဘယ်ဘက်ခြမ်းက အကောင်ပေါက်လေးက ငြိမ်ငြိမ်မနေ ပေါက်ထွက်မလိုခံစားလိုက်ရသည်။ လွန်းရေ အစ်မတော့ ရူးတော့မှာပဲကွယ်။
သူများအပိုင်လေးကိုရင်ခုန်မိတဲ့ ကိုယ့်ကိုကိုယ်ပဲအပြစ်တင်မိလိုက်သည်။

သို့ အကြင်သူ...Where stories live. Discover now