အခန်း(၁၀)

262 15 0
                                    

" ကြည့်စမ်း ကြည့်စမ်း  တစ်ယောက်တည်း ပြုံးဖီးနေတာပဲ ဘာလဲ အန်တီ့အကြောင်းစဉ်းစားနေတာလား"

ဖူးက အသံကျယ်ကျယ်နဲ့စလိုက်တော့ ကျန်တဲ့ သုံးယောက်က ခေါင်းထောင်ပြီး ကြည့်လာကြသည်။ ဟုတ်သည်ပဲ သူတို့ကို မပြောပြရသေးဘူး။

" ဘယ်က အန်တီလဲ လွန်း အဒေါ်လား"

ဝတ်ရည်က မေးတော့ ခပ်ဟဟ ရီမိသည်။

" ဒီအကြောင်းကို သိသွားရင် နင်တို့ငါ့ကို အထင်တော့မသေးနဲ့နော်"

" အမယ်လေး ပြောစရာလူတွေလား ပြောမှသာ ပြောပါ"

အစ်မ ကတော့ ဘာကိုမှဝင်မပြောပဲ သူနားထောင်နေပါတယ်ဆိုတဲ့ ပုံစံမျိုးလေးပဲနေသည်။ အစ်မက ကျန်တဲ့ သုံးယောက်ထက်စာရင် ကျွန်မနဲ့ပိုပြီးစကားပြောဖြစ်သည်။ ပိုပြီးလည်းဂရုစိုက်ပေးသည်။ လိုချင်တာရှိရင် နည်းနည်းပိုပိုသာသာလေးချွဲလိုက်ရင် ‌" လိုချင်တာများ ပေးမှာပေါ့ ကပ်ချွဲနေပုံများ" ဆိုပြီး ပြောလေ့ရှိသည်။ တစ်ခြားသူတွေ လာလုပ်ရင်တော့ အဲ့လိုကြီး ချွဲမနေပါနဲ့ မနေတတ်ဘူးဆိုပြီး ပြောလေ့ရှိလို့ အစ်မနဲ့အမြဲအစခံရသည်။ အစ်မက မိန်းက‌လေး ဆန်သည်။ ဆံပင်ကလည်း ကျောအလယ်လောက်ကိုမှ ဖြောင့်ဆင်းနေသည်။ လွန်းက မိန်းကလေး သိပ်မဆန် လွတ်လပ်သည့် ပုံစံဖြစ်သည့်အတွက်  အတွဲဆိုပြီး လိုက်စခံရသည်။ ထိုသို့စလည်း ခပ်ပြုံးပြုံးပါပဲ။

"ဒီလိုဟ အန်တီဆိုတာ ငါချစ်ရတဲ့ငါ့ရည်းစား နောက်ရက်အနည်းငယ်လောက်နေရင် နှစ်လပြည့်ပြီ "

"ဘုန်း " ပြောရင်းနဲ့ ဝတ်ရည်ကတော့ ကျောကို ရိုက်လိုက်သည်။

"အာ့ နာတယ်ဟ "

" တမင်နာအောင်လုပ်တာလေ ကြာနေပြီကို အခုမှပြောတယ် ငါတို့တစ်ခန်းတည်းနေတာဟုတ်ပါတယ်နော်"

" နင်တို့ကလည်းဟာ စိတ်မဆိုးပါနဲ့ မကြုံလို့မပြောပြမိတာပါ နော် နော် လို့ "

ရုတ်တရက်ပင် အစ်မက အခန်းထဲက ခပ်မြန်မြန်ထွက်သွားသည်။

" အစ်မက ဘာလို့ထွက်သွားတာလဲ ငါ့ကိုစိတ်ဆိုးသွားတာလား"

သို့ အကြင်သူ...Where stories live. Discover now