" ရသ တို့ရောက်ပြီ ထွက်ဆိုချက်မှာ ဘာပြဿနာရှိလို့လဲ"
အမှုကိစ္စက ကျွန်မရဲ့ထွက်ဆိုချက်မှာ အနည်းငယ်ပြဿနာရှိသည်ဟု ရသက ဖုန်းဆက်လာတာကြောင့် ဆေးရုံကိုအလောတကြီးနဲ့ ပြန်လာရသည်။ ထိုသို့စကားကိုဆိုကာ စားပွဲပေါ်ရှိဖန်ခွက်ထဲကို ရေထည့်ကာ သောက်လိုက်သည်။
" ကျွန်ဝောာ်တို့ဘက်က ကိစ္စထွေထွေထူးထူးမရှိပေမယ့် ရှိတာက သူတို့ဘက်က မမ က ကျွန်တော်တို့ဘက်ကဆိုဝောာ့ ပိုက်ဆံပေးပြီး ထွက်ဆိုချက်ပေးပါတယ်ဆိုပြီး ပြဿနာရှာနေတာ တရားလိုဘက်က "
" အမှန်ဆို တို့ဘက်က နိုင်နိုင်ခြေများတယ်မလား"
" ဟုတ်တယ် သူတို့သာ မရစ်ဘူးဆိုရင် ကျွန်တော်တို့ဘက်က နိုင်ပြီ လျော်ကြေးမပေးချင်လို့ သက်သက်လုပ်နေတာ"
" ထင်ပါတယ် တို့ဘက်က ဘာဆက်လုပ်ပေးရမလဲ ဒါဆို"
" မမကိုယ်တိုင် လက်မှတ်ထိုးပြီး ဆေးကုပေးခဲ့တယ်ဆိုတဲ့အကြောင်းရယ် operation ကိုလည်း သူတို့ဆန္ဒအတိုင်း လုပ်ဆောင်ခဲ့ပြီး မမက သူတို့သဘောအတိုင်းပဲလုပ်ပေးခဲ့တယ်ဆိုတဲ့အကြောင်းရယ် ကို သက်သေနဲ့တကွ တရားခွင်မှာ ပြပေးရမှာ "
" ဒါဆိုရင်တော့ လွယ်ပါတယ် သူ့ရဲ့ medical history ရှိသေးတယ် "
" ရှိသေးတယ်ဆိုရင်တော့ အဆင်ပြေပါတယ် "
" နောက်ထပ်ရော ဘာရှိသေးလဲ ရသ"
" နောက်ထပ်ရှိတာကတော့ ကျွန်တော်နဲ့မမရဲ့အကြောင်းပဲကျန်တော့တယ် "
ထိုသို့ပြောပြီး ခုံနောက်ကို ကျောမှီပြီး ခပ်ရဲ့ရဲ့ ရီကာ ခြေထောက်ကိုလည်း ချိတ်ပြီးထိုင်နေသည်။ထိုအမျိုးသားရဲ့ ပုံစံက ကြည့်ရတာနဲ့တင် အမြင်ကပ်ဖို့ကောင်းပါသည်။
" မင်းနဲ့တို့နဲ့ကြားမှာ ပြောစရာဘာများကျန်သေးလို့လဲ"
" ကျန်သေးတာပေါ့ မမရဲ့ အများကြီးကျန်သေးတယ် မမကိုလည်းရှင်းပြချင်သေးတယ်"
" ဘာမှမရှင်းပြနဲ့ တို့ဘက်မှာ ဘာမှပြောစရာမရှိတော့ဘူး မင်းပြန်နိုင်ပြီ"
" ဟို ကလေးမကြောင့်လား "
" ဘာတွေ လာပြောနေတာလဲ ဒီကိစ္စမှာ လွန်းနဲ့ဘာမှမဆိုင်ဘူး မဆိုင်တဲ့ကလေးကို လာစွဲထည့်မနေနဲ့ ကဲ ပြန်ပါတော့ရှင် "
![](https://img.wattpad.com/cover/335165238-288-k702771.jpg)
YOU ARE READING
သို့ အကြင်သူ...
Romansလွန်းသာ တို့ဘဝ ထဲကထွက်သွားမယ်ဆိုရင် ပထမဆုံးခြေလှမ်းလှမ်းလိုက်တာနဲ့ တို့ဆိုတာ လေထဲက မြူမှုန်လေးလို ပျောက်ကွယ်သွားရလိမ့်မယ်.....