အခန်း(၁၄)

262 16 1
                                    

ညက ဖုန်းဆက်တုန်းက အန်တီက လာခေါ်မယ်ဆိုတော့ စောစောထလိုက်သည်။ ဆေးရုံသွားရမှာလည်း ပါတယ်ဆိုတော့ အချိန်မဆွဲပဲ သွက်သွက်လေးပဲပြင်ဆင်လိုက်သည်။ ‌မနေ့က ဝယ်ထားတဲ့ပန်းသီးသေးသေးလေးတွေလည်း သတိတရ ယူလိုက်သည်။ အန်တီက ပန်းသီးဆို ကြိုက်သည်မလား။

"ဟယ်လို လွန်း တို့ရောက်တော့မယ်"

" ဟုတ်ပြီ အန်တီ မောင် အဆောင်အောက်က စောင့်နေမယ် ဂရုစိုက်ပြီးမောင်းနော် အမြန်မမောင်းနဲ့"

"သိပါတယ်ကွယ် မောင်ဟာလေအကဲပိုလိုက်တာ"

" ချစ်တာကို ဒါပဲနော် ရောက်တော့မှတွေ့မယ်"

" ဟုတ်ပြီ မောင် တာ့တာ"

"တာ့တာ"

" ဖူး ဝတ်ရည် အစ်မ ငါသွားပြီနော် အန်တီလာခေါ်မှာမလို့ ငါတို့အခန်းထဲက အငယ်ဆုံးရော "

"သွားပြီ သူတို့အဖွဲ့က ‌ဒီနေ့စောစောခေါ်လို့တဲ့"

"တာ့တာ အန်တီရောက်တော့မှာလို့"

"အဖြစ်သည်းနေတာ လွန်းဧကရီထက်တို့ ကြွဟေ့ ကြွကြွ"

ဟိုနှစ်ယောက်ရဲ့ ဆူညံပူညံသံတွေကိုမျက်ကွယ်ပြုပြီး ခက်သွက်သွက်ပဲ လျှောက်လာခဲ့သည်။အန်တီ‌ရပ်စောင့်နေရမှာမလိုလားပါ။
ကျွန်မလည်း အောက်အရောက် အန်တီလည်း ကျောင်းရှေ့ကိုအရောက် ကွက်တိပင်။ ဒီနေ့တော့ ကျွန်မရဲ့အမျိုးသမီးက ကချင်ချည်သားဝမ်းဆက် နီညိုရောင်လေးဝတ်ထားသည်။ မျက်နှာလေးကလည်း ကြည်လင်ပြီး နှုတ်ခမ်းနီက နီညိုခပ်ဖျော့်ဖျော့ကိုချယ်သထားသည်။ ကိုယ့်အပိုင်မလို့ပြောတာမဟုတ်ဘူး ဘယ်အချိန်ကြည့်ကြည့် ဒီအမျိုးသမီးက ရင်ဖိုအောင်ကိုလှသည်။

" ‌လွန်း စောင့်နေတာ ကြာပြီလား "

"ဟင့်အင်း အခုမှရောက်တာ အန်တီ"

"ဘယ်လိုတောင် လောလော လောလော ပြင်လာရတာလဲကွယ် cap တောင်စောင်းနေတယ်"
ပြောပြောဆိုဆိုနဲ့ ကျွန်မနားတိုးပြီး စောင်းနေတဲ့ cap ကိုပြန်ပြင်ပေးနေသည်။ ကျောင်းရှေ့မှာမလို့မျိုသိပ်ထားရတာ စိတ်ရှိတိုင်းသာဆိုရင် အန်တီရဲ့ လည်ပင်းလေးကိုနမ်းလိုက်တာကြာပြီပင်။

သို့ အကြင်သူ...Where stories live. Discover now