"အားးး မွှေးလိုက်တာ ဘာတွေချက်နေတာလဲ မေမေ"
"ဒီနေ့ သမီးအဖေလည်းရုံးပိတ်တယ်ဆိုတော့ သမီးတို့ သားအဖနိုးရင်စားလို့ရအောင်မုန့်ဟင်းခါးချက် နေတာလေ ကျက်တော့မယ် ခဏပဲစောင့်"
"ဟုတ် ဒီနေ့တော့ မေမေချက်တဲ့မုန့်ဟင်းခါးကိုစားရပြီပေါ့ ဟီးဟီး "
ကျွန်မက ငယ်ငယ်လေးတည်းက မုန့်ဟင်းခါးအရမ်းကြိုက်တဲ့ထဲမှာမပါပါဘူး။ ဒါပေမဲ့ မေမေချက်တဲ့ မုန့်ဟင်းခါးကတော့ချွင်းချက်ပေါ့။ ဖေဖေကလည်း တော်ရုံတန်ရုံဆိုင်ကမုန့်ဟင်းဆိုဂျီးများသလောက် မေမေချက်ရင်တော့ ထမင်းလွတ်အောင်စားလေ့ရှိပါသည်။
ငါးဆီသတ် တဲ့အချိန်တည်းက ရနံ့နဲ့ကိုစားချင်စိတ်ဖြစ်ပေါ်စေသည်။ ဟင်းရည်မှာလည်း ခပ်ပြစ်ပြစ်ေလးမလို့အရသာကတော့ သူမတူနိုင်အောင်ပင်။ ပြောရရင် မေမေက ဟင်းချက်ကောင်းတဲ့အမျိုးသမီးတစ်ဦးဖြစ်ပါသည်။" ယောကျာ်း နိုးပြီလား"
" အင်း ကလျာ"
"ဒီမယ် မနက်စာ မုန့်ဟင်းခါးချက်ထားတယ်"
"သမီးကရှင့်ကိုစောင့်နေတာ ဖေဖေလာမှစားမယ်ဆိုပြီး"
"ဒါဆိုလည်းစားရအောင်လေ သမီးဗိုက်ဆာနေရောပေါ့"
"ဟုတ် ဖေဖေ"
မုန့်ဟင်းခါးစားနေရင်းမဆီမဆိုင်တွေးမိပါသေးသည်။ အန်တီမေရော ဒီချိန်ဆိုဘာလုပ်နေမလဲ။ မနက်စာရောစားပြီးလောက်ပြီလား။ ဘာပဲဖြစ်ဖြစ် ငါနဲ့မှမဆိုင်ပဲ။
ကိုယ့်ဘာသာဖြေသိမ့်ပြီးနေလိုက်သည်။.........................
"ဒေါက် ဒေါက်"
"ဝင်ခဲ့ပါ"
"ဪ ခင်ရယ် ဘယ်သူများလဲလို့ လာ ထိုင်"
"အလုပ်တွေများနေတယ်ပေါ့ ဆရာဝန်မကြီး ကျွန်မကိုမေ့နေပြီလားရှင့်"
ဒေါ်ခင်သရဖူ ဆိုသည်မှာ အဲ့လိုပင်။ ကျောင်းတတ်တည်းက မေကိုဆို မထင်ရင် မထင်သလို စကားနာထိုးလေ့ရှိသည်။သို့ပေတည့် စိတ်ရင်းကောင်းပြီး မေ့ကိုအရမ်းခင်တာမို့ သီးခံရပါသည်။ ဆေးကျောင်းအတူတူ တက်ခဲ့ပေမယ့် ဆရာဝန်ဆက်မလုပ်ပဲ စီးပွားရေးလုပ်ငန်းဘက်ကိုအခြေချခဲ့ပြီး အခုဆိုရင် အိမ်ထောင်တောင်ကျနေပြီဖြစ်သည်လေ။
YOU ARE READING
သို့ အကြင်သူ...
Roman d'amourလွန်းသာ တို့ဘဝ ထဲကထွက်သွားမယ်ဆိုရင် ပထမဆုံးခြေလှမ်းလှမ်းလိုက်တာနဲ့ တို့ဆိုတာ လေထဲက မြူမှုန်လေးလို ပျောက်ကွယ်သွားရလိမ့်မယ်.....