Ward ထဲဆင်းရတာက ထင်ထားတာထက်ပိုပြီးတော့ ပင်ပန်းသည်။ မနက်ဆိုအစောကြီးထ ပြီးရင် ဆေးရုံသွား ပြန်လာရင် ပင်ပန်းပြီး ညခင်းကျရင် မလှုပ်ပင် မလှုပ်ချင်တော့ပင်။ သို့ပေမယ့်မရပါ။ Case တွေရေးတာမပြီးရင် အမှတ်နှုတ်ခံထိမှာဆိုးလို့ ညခင်းဆို အသည်းအသန်ရေးရပါသည်။
" လွန်း နင် ဘာ case လဲ long case လား short case လား"
" အေး long case တဲ့ "
" History ဘာညာ အကုန်ကောက်ပြီးပြီလား"
"အွန်း ကောက်ပြီးပြီ diagnosis ထုတ်ဖို့ကျန်သေးတယ် "
" နောက် နှစ်ရက်ဆို နောက်ဆုံးနော် မိန်းမ မြန်မြန်လုပ် "
"အွန်းပါ လုပ်နေတာပဲကို ငါ့ဆိုပြောမယ်ဆိုတာချည်းပဲနော် ဒေါ်ဝတ်မှုန်ဖူးဝေ"
" နင်က ပြောမှရမှာကို တကယ်တည်း"
"ခဏနေအိပ်ပြီ ညောင်းနေပြီဟ "
" အေး ငါလည်း အိပ်မှာ"
တစ်အောင့်လောက်နေပြီးတော့ နှစ်ယောက်လုံးပင်ပန်းနေတာနဲ့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားကြပါသည်။
" တီတီတီတီ တီတီတီတီ"
နှိုးစက်မြည်တော့ ငါးနာရီခွဲနေပြီဖြစ်သည်။ ဖူးကတော့ အိပ်နေတုန်းပင်။ မျက်နှာသစ် ဆေးကြောပြီးပြန်လာတဲ့အချိန်အထိ မနိုးသေးပင်။
" ဖက် "
" ဖူး ထတော့ နင်လုပ်တာနဲ့နောက်ကျတော့မယ်"
" အင်းးး ဟင်းးးး ငါးမိနစ်" ထခါနီးကို အပျင်းကြီးနေတယ် ဒီတစ်ယောက်ဝောာ့။
" ဘာကို ငါးမိနစ်လဲ ထတော့"
" နင်ကလည်းဟာ ထပြီ ထပြီ ဘယ်နှနာရီရှ်ီသေးလို့လဲ "
" ဘုရားရေ ခြောက်နာရီထိုးတော့မယ်"
အမြဲတမ်းပဲလွဲနေတော့တာပါပဲ။
ဆေးရုံရောက်တော့ ကျွန်မရဲ့အမျိုးသမီးကိုရှာနေမိသည်။ မနေ့ညက ဖုန်းမပြောလိုက်ရခြင်းကြောင့်ပင်။ သူလည်းမအား ကိုယ်လည်းမအားနဲ့ပင်။ သေချာတာတစ်ခုကဝောာ့ ဒီမနက်ဒီမှာရှိ နေမည်ဖြစ်သည်။
YOU ARE READING
သို့ အကြင်သူ...
Romansaလွန်းသာ တို့ဘဝ ထဲကထွက်သွားမယ်ဆိုရင် ပထမဆုံးခြေလှမ်းလှမ်းလိုက်တာနဲ့ တို့ဆိုတာ လေထဲက မြူမှုန်လေးလို ပျောက်ကွယ်သွားရလိမ့်မယ်.....