အတန်းတက်ရမှာဖြစ်သည့်အတွက် စောစောပင်နိုးလာခဲ့သည်။ နိုးနိုးချင်း ပထမဆုံး ခေါင်းထဲကိုရောက်လာခဲ့တဲ့အကြောင်းအရာကတော့ " အန်တီ"ပင်ဖြစ်သည်။ တနေ့တော့ဖွင့်ပြောမယ်လို့ရည်ရွယ်ထားပေမယ့် ဒီလောက်ထိမြန်ဆန်သွားလိမ့်လို့မထင်ထားခဲ့ပေ။
" လွန်း ရေ လုပ်စရာရှိတာလုပ် ဒီမနက်က ဌာနမှုးဝင်မှာတဲ့ EC ပြောတယ်"
"အေးပါဟာ နင်တို့ကလည်းပြီးပါပြီ"
"နင့်ကိုညကျရင် လည်ပင်းညစ်မေးရမယ့်ကိစ္စတစ်ခုရှိတယ်"
"ဘာလဲဟ မေးလေ "
"ညကျမှအေးဆေးမေးမယ် အခုတော့ အတန်းသွားမယ်"
ဖူးမေးမယ့် မေးခွန်းကိုကြိုတင်သိနေပါသည်။ သူအန်တီအကြောင်းစုံစမ်းရေးဆင်းမေးမြန်းတော့မည့်ဖြစ်ခြင်းပင်။
တစ်ဖက်တွင်
"ဟဲလို ခင်ရေ"
"ဒေါ် မေသဝဏ်နွယ် ထူးထူးဆန်းဆန်း ဖုန်းဆက်လို့ပါလား"
" ဟုတ်တယ် တို့ခင်နဲ့စကားနဲနဲလောက်ပြောချင်လို့ ပြောချင်တာထက် တိုင်ပင်ချင်လို့ အဲ့ဒါ ခင်ဘယ်ချိန်အားလဲ"
"နေ့လည်ဆိုရင် အားပြီလေ"
"ဒါဆိုနေ့လည်ကျရင် တွေ့မယ်လေ တို့လည်းဒီနေ့ duty off တယ်"
"ကောင်းပြီလေ ဒါဆိုနေ့လည်ကျ ဆိုင်တစ်ဆိုင်မှာဆုံမယ်လေနော်"
ခင် သာဆို ကျွန်မစိတ်ထဲရှုပ်ထွေးနေတဲ့အရာတွေကို ကူညီပြီးဖြေရှင်းပေးနိုင်မယ်လို့ ခံစားနေရခြင်းကြောင့် ဖုန်းခေါ်ပြီးတွေ့ရန် ချိန်းလိုက်ခြင်းဖြစ်သည်။
"တို့ ထွက်လာပြီနော် ခင် တွေ့နေကျဆိုင်မှာစောင့်နေမယ်"
"အိုကေ ကိုယ်လည်းထွက်လာပြီ"
ကျွန်မဆိုင်ထဲရောက်ပြီး တအောင့်အကြာမှာပင် ခင်ရောက်လာသည်။
"ကဲ ဆိုပါအုံး "
"ထူးထူးဆန်းဆန်းဖုန်းဆက်ခေါ်တယ်ဆိုတော့ ဘာကိစ္စများလဲ"
"အရင်ဆုံးမုန့်မှာအုံးလေ အေးဆေးပြောတာပေါ့"
"ကော်ဖီပဲမှာတော့မယ်"
YOU ARE READING
သို့ အကြင်သူ...
Romanceလွန်းသာ တို့ဘဝ ထဲကထွက်သွားမယ်ဆိုရင် ပထမဆုံးခြေလှမ်းလှမ်းလိုက်တာနဲ့ တို့ဆိုတာ လေထဲက မြူမှုန်လေးလို ပျောက်ကွယ်သွားရလိမ့်မယ်.....