~~သူ့ကိုမှချစ်မိနေပါတယ် တွေ့နေမြင်နေကျမို့ဖြေဖျောက်ဖို့လည်းမလွယ်...မျက်စိထဲတစ်ဝဲလည်လည်.~~
ရေဒီယိုမှခပ်သဲ့သဲ့ထွက်နေခဲ့သောသီချင်းသံကား ငြိမ့်ငြောင်းလှစွာပင်...ဖိုးလမင်းကိုအောင်သွယ်ခိုင်းရန်မှာလည်းတစ်ကယ့်တစ်ကယ်တွင်တော့ကောင်းကင်ယံ၌ဖိုးလမင်းနှင့်တူသောအရာဟူသည်ပင်ရှာမတွေ့...သာမာန်သာဆိုရင်လရောင်မှိန်ပျပျအောက်မှာပိုးစုန်းကြူးတွေခြံရံလို့သဘာဝအတိုင်းလှနေမည့်လက်ပံကုန်းရွာလမ်းမကြီးအားတစ်ဆုံးမျှော်ကြည့်နိုင်သည်။
"ဟေ့ကောင် မရောက်သေးဘူးလား"
တစ်ချိန်လုံးအသံတိတ်ပါလာသည့်လူမှာအိပ်ငိုက်နေရာမှထပြောလာသည်။မရှိသေးသည့်ချစ်ရသူအားတွေးကာရေဒီယိုကလာနေဆဲသီချင်းသံတွေကိုနားစိုက်ထောင်နေတဲ့သူ...ဖအေမတူ မအေကွဲအကိုဖြစ်သူကြောင့်ကြည်လင်နေတဲ့စိတ်ကလေးပင်ပျောက်ပြယ်သွားခဲ့ရပြီ။
"ရောက်တော့မှာပါ "
"နင်းလာတာနေဆောင်းကတည်းက အခုထိပြဇာတ်မပြောနဲ့ ရွာကိုတောင်မတွေ့ရသေးဘူး "
"အော် မင်းလာနင်းကြည့်လေ ငါကခြေအားသုံးနေရတာကွ လူလိုသိ"
"အခုမင်းထက်တစ်လကြီးတဲ့ငါ့ကိုရန်တွေ့နေတာလား"
မှောင်မိုက်နေသည့်ပတ်ဝန်းကျင်၏အဆုံးတွင် ရောင်စုံမီးရောင်တို့အားတစ်စွန်းတစ်စမျှသာမြင်နေရသည်။နှစ်ယောက်လုံးနှုတ်ခမ်းတွေနားရွက်တက်ချိတ်မသွားသည်ပင်ကံကောင်း၏။
"ရန်လုပ်မနေနဲ့တော့ ငါအမြန်နင်းပေးမယ်"
"ဟာ..ဟေ့ကောင် ဖြည်းဖြည်း..အားးးးး"
ပုံမှန်ထက်အဆပေါင်းများစွာမြန်လွန်းနေသည့်စက်ဘီးကလေးပေါ်တွင် သူတို့နှစ်ယောက်ခြေကားယားလက်ကားယားနှင့်ရွာအဝင်သို့ဝင်ချလာမိသည်။
"ရွှေ...ရွှေချိုးရေ..."
"ဘာတုန်း အရှိန်မထိန်းနိုင်ရကြားထဲ အင့် မင်းကတစ်မောက်"
"ငါ..ငါတို့အရှိန် လျှော့..လျှော့သင့်ပြီ "
အနောက်ကလိုက်စီးနေပြီးသွေးနည်းသည်ဟုပင်သူတွေးလိုက်မိ၏
YOU ARE READING
~မေတ္တာလုံ၍နွေးစေချင်~(Completed)
Romance~မေတ္တာတွေဟာမခြုံခင်ကတည်းက လုံနေခဲ့ပြီးသား...~ 23.2.2023