"ငါသူ့ကိုပြည့်ပြည့်စုံစုံထားနိုင်ပါ့မလား ငါ့ဘဝထဲသူဝင်လာရင် သူ့အတွက်ဘာထိခိုက်မှုတွေရှိလာမလဲ..ငါ့အတွေးထဲပေါင်းစုံစဥ်းစားနေမိတယ်"
"မင်းကလျှောက်တွေးနေတာကိုး တွေးတယ်ဆိုတာကလည်းတွေးသင့်တာကိုတွေးလေနော် မတွေးသင့်တာတွေးရင်အခုလိုနှစ်ယောက်လုံးနာကျင်ရမှာပဲ"
"တွေးရမယ်ဟင်္သာ မင်းတို့လည်းအမြင်ပဲ သူ့တစ်ဘဝလုံးသူ့မိသားစုကရွှေပေါ်မြတင်ထားခဲ့တာ ငါအဲ့ဒီ့လိုထားနိုင်ဖို့က.....ဟူးး"
လေပူတွေမှုတ်ထုတ်လို့မျက်စိမျက်နှာပျက်နေပုံကြောင့် ရွှေချိုးကအရင်ပုခုံးလေးပုတ်လို့နှစ်သိမ့်ပေးလာသည်။
"ဖြိုးခန့်ကအဲ့ဒါတွေဂရုစိုက်တာမဟုတ်ဘူး ဂရုမစိုက်လို့လည်းမင်းအနားမှာဒုက္ခခံပြီးလိုက်ကပ်တွယ်နေတာ"
"ဟုတ််တယ်ကုလား ဒီနေရာမှာတော့မင်းအတွေးတွေမှားယွင်းနေတယ်လို့ပဲပြောရမယ် ဘယ်လိုပဲဖြစ်ဖြစ် ဖြိုးခန့်နဲ့မင်းကအတူနေပြီးနေပြီလေ တာဝန်ယူမယ်ဆိုပြီးမင်းကိုယ်တိုင်ဆရာတော်ဘုရားဆီတောင်လျှောက်ပြီးနေပြီမလား ဖြိုးခန့်ကြီးဒေါ်ကြီးကလည်းသဘောတူလိုက်ပြီ ဘာလိုသေးလဲ"
"မလိုတာမှန်တယ် ဒါပေမယ့်.."
"ဇင်ထက်...ညီ..အဲ့ဒီ့မှာလား"
အဝေးကနေခပ်သုတ်သုတ်လမ်းလျှောက်လာတဲ့သက္ကကြောင့်ရွှေချိုးတစ်ယောက်ပြေးသွားလေရဲ့..
"ကိုသက္ကရေးကြီးသုတ်ပျာနဲ့ဘာဖြစ်တယ်မသိဘူးကုလား လာ..ငါတို့လည်းသွားရအောင်"
"ငါ့နာမည်ခေါ်နေတာကွ"
နှစ်ယောက်သားခြေလှမ်းတွေကိုသက္ကဆီဦးတည်လိုက်ပြီး
"အကိုသက္က ကျုပ်ကိုခေါ်တာလားဟင်"
"အေး ဟုတ်တယ် မင်း ကျောင်းကိုအမြန်လိုက်သွားမှဖြစ်မယ်ဇင်ထက်"
"ဘာဖြစ်လို့လဲဗျ အမိ ကျုပ်အမိလား ကျုပ်အမိတစ်ခုခုဖြစ်လို့လား"
"မင်းအမေဘာမှမဖြစ်ဘူး ဖြစ်တာကဖြိုးခန့် "
"ဟင် သူဘာဖြစ်လို့လဲ"
ŞİMDİ OKUDUĞUN
~မေတ္တာလုံ၍နွေးစေချင်~(Completed)
Romantizm~မေတ္တာတွေဟာမခြုံခင်ကတည်းက လုံနေခဲ့ပြီးသား...~ 23.2.2023