လက်ပံကုန်းမှာဒီမနက်အေးစိမ့်စိမ့်ရာသီဥတုကလွှမ်းမိုးထားတယ်။ညကသည်းထားတဲ့မိုးက အလင်းရောင်ထွက်ပေါ်လာချိန်မှာတော့ယတိပျက်တိတ်သွာခဲ့ပြီး ကောင်းကင်ကြီးမှာတော့ဖြင့်အုံ့မှိုင်းလို့သာရှိနေသေး၏။ရွာလမ်းမကြီးရဲ့ဘေးဝါးရုံပင်လေးတွေဆီရေစက်လေးတွေတွဲခိုကျနေတဲ့မြင်ကွင်းကြောင့်လက်ထဲကဖုန်းကမ်မရာနဲ့ဖျက်ခနဲရိုက်ယူလိုက်မိတဲ့ဟန်သူက နေဆက်ဆီလည်းပုံတွေပို့ဖို့မမေ့..
"ဟန်သူ"
"အင်း.."
"အဲ့ဒီ့မှာဘာလုပ်နေတာလဲ ငါတို့ဒီနေ့သွားစရာရှိတယ်လေ"
"ဘယ်သွားကြမှာ..."
"ငါ့ကိုတည့်တည့်အရင်ကြည့်ပါလား"
ကမ်မရာလက်ထဲကမချတဲ့ဟန်သူ့ကိုသက္ကတစ်ယောက်သူ့ဘက်ဆွဲလှည့်လိုက်တော့ပြန်ရတာကခပ်မှိုင်းမှိုင်းမျက်နှာပေး..
"ဆွဲလားရမ်းလားနဲ့.. ရွှေချိုးမဟုတ်ကွ ဖြိုးဟန်သူအောင်..နော်"
"မင်းဟာ့မင်းဘာကောင်ဖြစ်ဖြစ် အခုငါပြောတာနားထောင်..မင်းလိုက်မှာလား"
"အဲ့ဒါကြောင့်မေးနေတာလေ ဘယ်သွားကြမှာလဲဆိုနေ"
"ရွှေချိုးတို့အဖွဲ့ကတောထဲလိုက်ပို့မယ်ပြောတယ်"
"ဘုရား..တောထဲသွားပြီးဘာလုပ်ဖို့တုန်း အဲ့ဒီ့ကလေးတွေကမျဥ်းကြောကိုထလွန်းတယ်"
"သူတို့ပြောတာတော့ အဲ့ဒီ့မှာရေတံခွန်လိုဟာမျိုးရှိတယ်ပြောတယ် ..မနက်ဖြန်ဆိုရင်ပဲငါတို့ပြန်ရပြီမလား ရောက်တုန်းရောက်ခိုက်လေး မျက်စိအေးအောင်သွားကြည့်မလားလို့"
သက္ကစကားကိုဟန်သူကတွေးဆဆလေးလုပ်နေသေးရဲ့..
"ဆိုးတော့မဆိုးပါဘူး ငါလည်းပုံရိုက်ဝါသနာပါနေတာဆိုတော့ သဘာဝရှုခင်းတွေအများကြီးရိုက်လို့ရတာပေါ့..ဒါပေမယ့်..."
"ဒါပေမယ့်..ဘာဖြစ်လဲ.."
"တောကြီးမျက်မည်းထဲလမ်းပျောက်နေကြရင်ဒုက္ခဖြစ်မယ်နော်.."
"အာ...ဟန်သူရ..ဒီတောဒီတောင်အကြောင်းမင်းထက်အဲ့ဒီ့ကလေးတစ်သိုက်ကပိုနားလည်တယ် အပြည့်အဝယုံလို့ရပါတယ်ကွာ ဇင်ထက်လေးလည်းပါလာမှာလေ အဲ့ဒီ့ကောင်လေးကအားကိုးရတယ် "
YOU ARE READING
~မေတ္တာလုံ၍နွေးစေချင်~(Completed)
Romance~မေတ္တာတွေဟာမခြုံခင်ကတည်းက လုံနေခဲ့ပြီးသား...~ 23.2.2023