!ဒေါက်..ဒေါက်!
"ကိုသက္က...ဗျို့..ကိုသက္က..ဟော့ဒီ့မှာကိုသက္ကရဲ့ကိုရွှေချိုးလေးရောက်နှင့်ပြီလေ..တံခါးလေးအသာဖွင့်ပြီးအထဲခေါ်ပါအုံးလား"
ဆာတာတာအသံလေးအားအခန်းတွင်းမှနေကာနားစွင့်နေမိပါသည်။ပြုံးယောင်ယောင်မျက်နှာပေးဖြင့်မှတ်လောက်အောင်ဆုံးမရမည်ဟုတွေးမိပြီးမှကုတင်ပေါ်ပစ်လှဲကာမကြားချင်ယောင်ဆောင်ပစ်လိုက်တော့သည်။
"ကို..ကိုသက္က..တံခါးမဖွင့်ပေးချင်ဘူးလားဟင် ကျုပ်တောင်းပန်တယ်လေဗျာ..ကျုပ်..ကျုပ်က..ကျုပ်ကစနေတာကို နော်"
"ကိုသက္က..ကျုပ်ရှိကြီးခိုးပါရဲ့ဗျာ..အပြင်မှာတစ်ယောက်တည်းကြောက်လို့ပါ တံခါးဖွင့်ပေးပါနော်"
အခန်းအပေါက်ဝလေးရှေ့သူ့မှာကျုံ့ကျုံ့လေးထိုင်လို့ခွင့်တောင်းမိပါ၏။တံခါးကြီးဟာပွင့်မလာသည့်အပြင်အရာအားလုံးဟာလည်းတိတ်ဆိတ်လို့..
"ကောင်းပါပြီဗျာ ကိုသက္ကသဘောပါပဲ..ကျုပ်ဒီမှာပဲခွေလိုက်ပါတော့မယ်"
အသံလေးကတိမ်ဝင်သွားခဲ့ရပြီးဝမ်းနည်းစွာပင်တံခါးရှေ့ခွေခွေလေးလှဲအိပ်လိုက်ပါသည်။အတွေးထဲသက္ကသူ့ကိုစိတ်ကွက်သွားပြီလားဆိုတာကနေရာအပြည့်ယူထားလေတော့တော်တော်နှင့်အိပ်လို့ကမပျော်နိုင်..မျက်ရည်ပေါက်လေးတွေကပါးပြင်ပေါ်ကတစ်ဆင့်စီးဆင်းကုန်ရပြီ..နှာသီးလေးဟာလည်းနီရဲနေမှာအမှန်ပါပဲလေ..
"အထဲဝင်"
"ဟင်...ကိုသက္က.."
ဝရုန်းသုန်းကားပဲသူထရပ်လိုက်မိတယ်။မျက်နှာသေနဲ့လူကိုသွားဖြီးပြလိုက်ပြီးလှုပ်တုတ်လှုပ်တုတ်လျှောက်ကာကုတင်ပေါ်ဝင်လှဲလိုက်မိသည်။
"ဟိုဘက်တိုး...မင်းဟာ့မင်းအိပ် ငါ့ဘက်မကျော်နဲ့"
"ကိုသက္ကကလည်း ဒီမှာကျုပ်ပြုတ်ကျတော့မယ်ဗျ"
"ပေးထားတဲ့နေရာနဲ့ရအောင်အိပ်"
"ဟာဗျာ..."
"ငါအိပ်ချင်ပြီ..တိတ်တိတ်နေ"
တစ်ဖက်လှည့်အိပ်သွားတဲ့ကျောပြင်ကိုစိုက်ကြည့်ရင်းရွှေချိုးအောက်နှုတ်ခမ်းလေးဖိကိုက်လိုက်မိတယ်။သူလည်းပဲသက္ကကိုကျောပေးလိုက်ပြီးနဂိုထက်တိတ်ဆိတ်တဲ့ညတစ်ညကိုကျိတ်မှိတ်အိပ်ရပါတော့မယ်လေ..
CZYTASZ
~မေတ္တာလုံ၍နွေးစေချင်~(Completed)
Romans~မေတ္တာတွေဟာမခြုံခင်ကတည်းက လုံနေခဲ့ပြီးသား...~ 23.2.2023