Part-38(Uni+Zg)

102 4 1
                                    

ဆေးရုံဆိုရင်လူတစ်ချို့ကခေါင်းခါလေ့ရှိကြတယ်ဆေးရုံဆိုရင်လူတစ်ချို့ကခေါင်းခါလေ့ရှိကြတယ် အထူးသဖြင့်ညစောင့်ရမှာမျိုးကိုပေါ့လေ ဆေးရုံဆေးခန်းဆိုတာသရဲတစ္ဆေလည်းတယ်ပေါတယ်လို့ပဲသတ်မှတ်ထားကြသည်မဟုတ်လား..

မီးတွေကလင်းထိန်နေပေမယ့် သူနေရမယ့်အဆောင်ကသူနဲ့တစ်ခြားလူနာတစ်ဦးလောက်သာရှိနေတယ်။အဲ့ဒီ့လူနာကလည်းစိတ်သိပ်မနှံ့လေဘူး..တစ်ချက်တစ်ချက် နေ့ခင်းကြောင်တောင်ကြီးကိုတောင်သူ့ကိုရန်ရှာချင်သေးတာဆိုတော့ကား..အခုတိတ်ဆိတ်နေတဲ့အဆောင်ထဲမှာသူနဲ့အဲ့ဒီ့စိတ်ဝေဒနါရှင်လူတစ်ယောက်ရယ်ပဲရှိနေတဲ့အခိုက်အတန့်.....မင်းခန့်အရမ်းကြောက်မိတယ်..စောင်လေးခြုံကွေးပြီးအတက်နိုင်ဆုံးကင်းအောင်နေမိပေမယ့် တစ်ဖက်ကုတင်ကနေခြေသံတစ်ခုသူ့ဆီလာနေတာကြားလာရတော့နှလုံးခုန်သံတွေကသူ့နားသူတောင်ပြန်ကြားနေခဲ့ရရင်း ခြေသံတွေရပ်သွားလေတော့စောင်လေးကိုအသာလှပ်ကြည့်လိုက်ချိန်

"ဝါးးးးးဟားဟား"

"အားးး"

သူ့ကိုအုပ်မိုးပြီးကြည့်နေတဲ့လူကကြောက်စရာအတိ..မျက်လုံးတွေကိုပြူးဖြဲထားခဲ့ပြီးသူ့ဆီပြောလာတာက

"သတ်ပစ်မယ်..သတ်ပစ်မယ်..ဟားဟား..ဟားဟား"

"အင့်..အ့..ထွက်သွား"

ထိုလူကသူ့လည်ပင်းကိုအသည်းအသန်ဖျစ်ညှစ်လာခဲ့ပြီးသူ့အပေါ်လည်းခွထိုင်လေတော့ မင်းခန့်သူ့ကိုယ်သူတောင်သိပ်စိုးရိမ်မိလာပြီ

"အဟွတ်..အင့်.."

"သတ်မယ်..သတ်မယ် ဟီဟိးးဟားဟား"

"ဟေ့..ဒါဘာလုပ်နေတာလဲ"

ကံကောင်းထောက်မစွာပဲ ရာဇာရောက်လာပေလို့သာပေါ့

"ဟယ်တော် ဒီလူကတော့လေ "

သူနာပြုလေးသုံးယောက်အပြေးရောက်လာပြီးထိုအရူးကောင်ကိုဆွဲခေါ်သွားလေမှမင်းခန့်မျက်နှာငယ်လေးနဲ့နေရာမှာတင်ကျက်သေသေရင်းငိုင်နေခဲ့ရတယ်။ဒါကိုရာဇာကအောင်နိုင်သူအပြုံးကြီးနဲ့ .....
ကြောက်လန့်နေတဲ့အခိုက်အတန့်မှာအားကိုးရာကိုတွေ့နေရတဲ့အတွက် မနေနိုင်မထိုင်နိုင်ပဲအတင်းဖတ်တွယ်လိုက်မိတော့ ခေါင်းလေးကို အသာပွတ်ပေးလာတဲ့လက်တွေ

~မေတ္တာလုံ၍နွေးစေချင်~(Completed)Où les histoires vivent. Découvrez maintenant