"ကလေးရေ"
"ဗျာ"
အိမ်အနောက်ဘက်ကနေခေါ်သံကြားလိုက်ရတာကြောင့်သွေးလက်စသနပ်ခါးတုံးလေးကိုဆက်ခနဲပစ်ချလိုက်မိသည်။
"ဦးကိုရေဝတ်လဲဖို့ပုဆိုးလေးကမ်းပါအုံး"
"ဟုတ်..ဒီမှာ"
ရင်ခေါင်းအထိတက်ဝတ်ထားတဲ့ပုဆိုးလေးကိုကျွတ်ကျမှာစိုးသည်ကြောင့်မြဲနေအောင်ဖိကိုင်ရင်းနန္ဒဇော်ဆီလည်းပုဆိုးတစ်ထည်ကမ်းပေးလိုက်ပါသည်။
"ကလေးဘာတွေလုပ်နေတာလဲ ရေချိုးပြီးတက်သွားတာဖြင့်ကြာလှပြီ အခုထိအဝတ်အစားမလဲရသေးဘူးလား"
"သနပ်ခါးလိမ်းနေတာလေ ရေချိုးပြီးရင်မျက်နှာပြောင်နဲ့မနေတတ်ဘူး "
"အော်..ဟုတ်ပြီဟုတ်ပြီ"
ရေစက်လေးတွေတင်နေတဲ့ခန္ဓာကိုယ်ကြီးကဟင်္သါအနားကပ်ထိုင်လာရင်းအသံရှူသံခပ်ပြင်းပြင်းကလည်းလည်တိုင်တွေနားရိုက်ခက်လာခဲ့ရာက..
"အရမ်းအထူးကြီးလိမ်းမနေနဲ့"
"ဘာ..ဘာဖြစ်လို့လဲ"
"ချွေးတွေထွက်ရင်ပျက်ကုန်မှာပဲဟာ အချိန်တန်ပျက်သွားမယ့်အရာကိုအားထည့်သွေးပြီးလိမ်းတာအချိန်ကုန်လူပင်ပန်းတယ်လေ"
"ချွေး.."
"အင်း"
"ချွေးကဘာလို့ထွက်မှာလဲဦးရဲ့"
ကြောင်တောင်တောင်လေးလုပ်နေတဲ့ကောင်လေးကိုဒဲ့ကြီးပြောလိုက်ပြန်ရင်လည်းရှက်ပြီးမျက်ရည်ကကျလာပါအုံးမယ်။မပြောပဲပြုံးစိစိသာလုပ်နေပြန်တော့လည်း သူ့ကိုမပြောရကောင်းမလားဆိုပြီတစ်ညလုံးစိတ်ကကောက်နေအုံးမှာ...
"ပြီးရင်သိမှာပေါ့"
"အာ..ဦးကလေ အမြဲလျို့လျို့ဝှက်ဝှက်နဲ့ အခုပြော.."
မေးလည်းမေး သနပ်ခါးတုံးကိုလည်းတရစပ်သွေးနေလေရဲ့...
"ဦးပြောရင်မင်းကစိတ်ဆိုးတော်မူအုံးမှာ"
"အမ် ဦးပြောတဲ့အထဲမှာ စိတ်ဆိုးစရာများပါမှာမို့လို့လား"
"အင်း"
"ဘာများလဲ မြန်မြန်ပြောပါဦးရယ် တစ်ကယ်ပဲ စိတ်မရှည်တော့ဘူး"
VOCÊ ESTÁ LENDO
~မေတ္တာလုံ၍နွေးစေချင်~(Completed)
Romance~မေတ္တာတွေဟာမခြုံခင်ကတည်းက လုံနေခဲ့ပြီးသား...~ 23.2.2023