"ဘာဖြစ်လို့လဲDaddy..မျက်နှာလည်းမကောင်းဘူး"
"Babyစိတ်ထင်လို့ပါ ဒါဖြင့် ဆေးရုံကိုထပ်သွားအုံးမှာပေါ့"
"ဟုတ် ရေမိုးချိုးထမင်းစားပြီးရင်သွားလိုက်အုံးမယ်လေ Daddyလိုက်အုံးမလား"
"အင်း အိမ်မှာပဲနေခဲ့တော့မယ် အလုပ်လေးတွေရှိသေးတယ်ကွ"
"အာ..ဟုတ်"
ဖခင်မျက်နှာရိပ်မျက်နှာကဲကိုသိတဲ့သူ့အတွက် အိမ်မှာပြသနာတစ်ခုခုတက်နေခဲ့ပြီဆိုတာသက္ကရိပ်မိတယ်။အဖြေမထုတ်နိုင်သေးပေမယ့်လို့တော်ရုံတန်ရုံကိစ္စမဟုတ်တာတော့သူအတည်ပြုခဲ့ပြီးသား..
"ကိုသက္က"
"ဟင်.."
ကလေးနှစ်ယောက်အထုပ်ကိုယ်စီပိုက်လို့ဆင်းလာသည်ကြောင့်သားအဖနှစ်ေယာက်မတ်တပ်ပင်ထရပ်လိုက်မိကာနန္ဒဇော်တစ်ယောက် ဟင်္သာဆီပြေးကပ်သွားလိုက်မိတယ်။
"ဒါဘယ်ကိုလဲကလေး"
"ကျွန်တော်တို့ရွာပြန်တော့မယ်"
"ဘာ.."
"ဟင်္သာ..အခုရွာပြန်မယ်လို့ပြောလိုက်တာလား "
နှာတရှုံ့ရှုံ့လုပ်လျက်ကပဲ ဟင်္သာကခေါင်းငြိမ့်ပြလာတယ်။သက္ကခေါင်းတွေပူထူကုန်ပြီ..မျက်နှာငယ်လေးနဲ့ရွှေချိုးကိုကြည့်မိတော့တောင်းပန်ပါတယ်ဆိုတဲ့အကြည့်မျိုးတွေကဆီးကြိုနေခဲ့ရင်း..
"နောက်မှပြန်တွေ့ကြမယ်နော်ကိုသက္က..ကျုပ်တောင်းပန်ပါတယ်ဗျာ"
"မဟုတ်သေးပါဘူး ရုတ်တရပ်ကြီးဘာလို့.."
"အခုအထဲပြန်ဝင်မလား ဦးမင်းကိုသတ်ပစ်ရမလား"
"Daddy.."
သက္ကအထူးအဆန်းတွေချည်းကြုံနေရတယ်..နက်ပြောင်နေတဲ့သေနတ်တစ်လက်ကသူ့အဖေရဲ့လက်ထဲမှာ...ပြီးတော့ ဟင်္သာရဲ့နှာဖူးတည့်တည့်ကိုချိန်ထားခဲ့တယ်
"ဒါပဲတက်နိုင်တာလား... ဟမ် ဦးဇော်လုပ်တတ်တာဒါပဲလား..အပြစ်မရှိတဲ့ကျွန်တော်တို့ရွာသူရွာသားတွေကိုရက်စက်ခဲ့တာ...အခုကျွန်တော့်ကိုခြိမ်းခြောက်တာ အဲ့ဒါတွေပဲလုပ်တတ်တာလား "
BẠN ĐANG ĐỌC
~မေတ္တာလုံ၍နွေးစေချင်~(Completed)
Lãng mạn~မေတ္တာတွေဟာမခြုံခင်ကတည်းက လုံနေခဲ့ပြီးသား...~ 23.2.2023