Part-17(Uni+Zg)

135 10 4
                                    

"ရွှေချိုး"

"ဟေ"

"ငါရှူရှူးပေါက်ချင်လို့"

"သွားပေါက်ပါလား"

"အဖော်လိုက်ခဲ့ပေးလေကွာ ငါတစ်ယောက်တည်းမသွားရဲတာမင်းသိရဲ့သားနဲ့"

"ငါဒီမှာပုံဆွဲနေတယ်မင်းဟာ့မင်းသွားတတ်အောင်သွားကြည့်စမ်းပါကွ.."

ဟင်္သာနှုတ်ခမ်းဆူလိုက်မိပြီးမျက်မှောင်လေးကျုံ့ချလိုက်မိတယ်။ခါတိုင်းသူ့အတွက်ဆိုမြေတောင်လှန်ချင်လှန်မည့်သူ..ကောင်းကင်ကိုတောင်မီးတက်ရှို့ချင်ရှို့မည့်သူက အခုတော့တစ်ယောက်တည်းသွားပါတဲ့လား..

"သွားလေဟေ့ကောင် တော်တော်ကြာထွက်ကျနေမှဒုက္ခဖြစ်ကုန်မယ်"

"ငါတစ်ယောက်တည်းမသွားရဲဘူးလို့"

"အိမ်သာကကျောင်းထဲမှာတင်ကိုမင်းဘာတွေကြောက်နေလဲ ဟမ် ကြောက်တတ်ရင်နှစ်ခါသေရမှာနော် သွား"

ပုံဆွဲစာရွက်ပေါ်အကြည့်ရောက်နေရင်းကတရားကချသေး၏။တစ်တွတ်တွတ်ပြောဆိုနေကြသည်ကိုဆရာမသိသွားမည်စိုးသည်ကြောင့်တစ်ယောက်တည်းပင်ထထွက်လာလိုက်ရသည်။
လူများတဲ့နေရာတွေရောက်ရင်ခေါင်းကအလိုလိုငုံ့သွားတတ်ပြီးကိုယ်ကလည်းအလိုလိုကျုံ့သွားတတ်ပါ၏။

"ဟူး...ငါတော်တော်လေ့ကျင့်ယူရအုံးမှာပဲ"

အေးစိမ့်စိမ့်ဖြစ်နေသည့်ရာသီဥတုနှင့်မလိုက်ဖက်စွာပင်သူ့မျက်နှာတစ်ဝိုက်ချွေးသီးလေးများပင်ထွက်ကာဖြင့်အောက်ကိုသာကြည့်အရှေ့ကိုမကြည့်ပါပဲအိမ်သာဘက်ကွေ့ဝင်သွားလိုက်ပြီးမှစိတ်သက်သာရာရသည့်အဖြစ်..

အိမ်သာအမြန်ဝင်ကိစ္စအမြန်ရှင်းပြီးတာနဲ့သူခပ်သုတ်သုတ်ပဲပြန်ထွက်ခဲ့လိုက်သည်။ရွှေချိုးအနားမရှိရင်ကိုလူကနုံးခွေသွားတော့မတက်..

!ဘုတ်!

"ဟင်.."

ရှေ့ကသွားနေတဲ့လူတစ်ယောက်ပိုက်ဆံအိတ်ပြုတ်ကျကျန်ခဲ့တာမြင်တော့အလျင်အမြန်ပဲကောက်ယူပြီးသူပြေးလိုက်သော်ငြား ထိုလူဟာခြေတံရှည်များနှင့်လှမ်းနေသည်ကြောင့်ခရီးကမတွင်..

~မေတ္တာလုံ၍နွေးစေချင်~(Completed)حيث تعيش القصص. اكتشف الآن