{Two years later}
"Daddy မြန်မြန်လုပ်..အာ..အဲ့ဒီ့လိုမဟုတ်ဘူးလေ..ကျစ်..သိသွားတော့မှာပဲ"
"မင်းပြောတာငါပေါက်တယ် ဒါပေမယ့်သိပ်ပြီးမလှဘူးလေ အခုလိုထားတာပိုအဆင်ပြေတယ်"
"အော်ကဲ..ဒီလိုတွဲလောင်းချတာကပိုအဆင်ပြေပါတယ်ဆို"
"တွဲလောင်းတွဲလောင်းတွေထက်ဟော့ဒီ့လိုသေသေသပ်သပ်လေးကမတင့်တယ်ဘူးလား လူကြီးနဲ့ဖက်ပြီးလာငြင်းနေတယ် လုပ်ထည့်လိုက်ရ.."
"ငြင်းရမှာပေါ့ ဒါကျွန်တော့်ယောက်ျားမွေးနေ့ပွဲလေ.."
"အဲ့ဒီ့လိုပြောကြေးဆိုမင်းယောက်ျားဖြစ်လာဖို့ငါမွေးပေးထားတာ ငါ့သားမွေးနေ့ ရှင်းလား"
"ဟ...အတည်ကြီးတိုက်ခိုက်နေတာပဲဦးနန္ဒဇော်ဗျ"
မျက်မှောင်ကျုံ့လို့မော့ကြည့်လာသူကောင်လေးမှာ သားဖြစ်သူနှင့်ပတ်သတ်လျင်အလွန်တရာကိုမှကဲကဲဆက်လွန်းပါ၏။တစ်ချိန်ကသက္ကအရာရာကိုသူသာလျင်ဆုံးဖြတ်ခဲ့ရပြီး ယခုတွင်တော့ရွှေချိုးဆိုသည့်အနှီကောင်လေးကသာခေါင်းငြိမ့်ခေါင်းခါလုပ်လို့အဆုံးအဖြတ်ပေးတတ်သည့်ကြား..သားဖြစ်သူကပါမွေးရကျိုးနပ်လေအောင် ထိုကောင်လေးစကားတစ်ခွန်းဆိုတစ်ခွန်းပင်..
"အပိုမပြောဘူး တွဲလောင်းချမယ်"
"ဒီလိုတန်းထား"
"တွဲလောင်း...အားးး တစ်ကယ်စိတ်ညစ်လာပြီနော်"
နန္ဒဇော်ဘက်ကတမင်သပ်သပ်ကိုလုပ်နေမှန်းသူသိနေတယ်။အရင်နှစ်ဟင်္သါမွေးနေ့မှာညီတစ်ယောက်အနေနဲ့သူဝင်ရှုပ်ခဲ့မိတာကိုး...ဒီ့အတွက်မကျေနပ်ချက်နဲ့အခုလိုက်နှောက်ယှက်နေခြင်းဖြစ်ရမယ်လေ..
"တောင်းပန်ပါတယ်Daddyရယ် ကျွန်တော့်စိတ်ကြိုက်လုပ်ခွင့်ပေးပါဗျာ"
"အကုန်လုပ်ခွင့်ပေးထားတာပဲ ဒီအလှဆင်တဲ့ဟာကိုပဲပြောနေရတာ မင်းလုပ်တာမဟုတ်လို့"
"ဟား...အဲ့ဒီ့လိုဆက်လုပ်နေရင်ကိုသက္ကပြန်လာတာနဲ့တိုးပြီးအကုန်အနိစ္စဖြစ်ကုန်မယ်..အခုထိဘာမှအဆင်သင့်မဖြစ်သေးဘူး"
BẠN ĐANG ĐỌC
~မေတ္တာလုံ၍နွေးစေချင်~(Completed)
Lãng mạn~မေတ္တာတွေဟာမခြုံခင်ကတည်းက လုံနေခဲ့ပြီးသား...~ 23.2.2023