လက်ပံကုန်း၏နေမထွက်ခင်ဝေလီဝေလင်းအချိန်တွင်..
ရွာဦးကျောင်းရှေ့မျက်နှာငယ်နှင့်ရပ်နေပါသောလူငယ်နှစ်ယောက်.."ကဲကဲ..မင်းတို့အဖဆရာတော်ငါ့ကိုဦးသုံးကြိမ်ချပြီးလိုရာအရပ်ကိုသွားဖို့လုပ်ကြတော့ အချိန်လင့်သွားရင်မကောင်းဘူးကွဲ့ တစ်ဖက်ကကူညီပေးတဲ့သူကိုထောက်သင့်တယ်လေ"
"ဆရာတော်ဘုရား သားတို့ကိုမမေ့ပါနဲ့ဘုရား "
"ဟုတ်ပါတယ်ဘုရား ဆေးကြိမ်လုံးကိုမြင်တိုင်း သားတို့ကိုအမှတ်ရနေပေးပါဘုရား "
လက်အုပ်ကြီးချီကာငိုယိုနေသည်ကြောင့်ဆရာတော်မှာလည်းမချိလှပေ..ခေါင်းသာတစ်ငြိမ့်ငြိမ့်လုပ်နေခဲ့ရင်းကလေးနှစ်ယောက်၏ခေါင်းအားပွတ်သက်ကာ..
"မင်းတို့ဘွဲ့တွေယူ.ပညာတတ်ကြီးတွေဖြစ်ပြီးပြန်လာမှာကိုစောင့်နေမှာပါ ဒါ့ကြောင့် အချိန်မဆွဲပဲသွားစရာရှိတာသွားကြ..ဟုတ်ပြီလား"
"တင်ပါ့ဘုရား"
ရွှေချိုးကအရင်မြေကြီးနဲ့နှဖူးတိုက်သည်အထိဦးသုံးကြိမ်ချလိုက်တော့ဟင်္သာကလည်းထိုသည်အတိုင်းလိုက်လုပ်ရှာ၏။ထိုအဖြစ်အားကြည့်နေရသောဦးသောင်းမှာလည်းမျက်ရည်ဝဲတဲဝဲတဲဖြင့်..
"သွားလေသမျှအရပ်တိုင်းမှာငါ့သားတွေဘေးကင်းပါစေကွယ် "
"ကဲ..သွားကြမယ်ကလေးတို့"
ရွာဦးကျောင်းဆီကနေသူတို့နှစ်ယောက်ကိုတော်တော်လေးအမြစ်ဖြတ်ခဲ့ရလေပြီးလမ်းတစ်လျှောက်ငိုယိုနေခဲ့ကာရွာလမ်းမကြီး၏ထိပ်အရောက်ဦးသောင်းမှာရပ်တန့်သွား၏။
"ဒီကနေခဏစောင့် ရွာကနေမြို့ထဲကိုဝင်ဖို့ဒိန်းဒေါင်း(ထော်လာဂျီလိုမျိုးပါ)ခေါ်ထားတယ် ရောက်လာလိမ့်မယ်"
ရွှေချိုးခေါင်းပဲငြိမ့်ပြလိုက်ပါရဲ့..သူဖြေလည်းမဖြေချင်သလိုဘယ်အရာကိုမှလည်းစိတ်ဝင်တစားရှိမနေဘူး မနက်ခင်းလေစိမ့်စိမ့်ကသူ့နှလုံးသားကိုတုန်လှုပ်စေခဲ့ပြီးရွာအဝင်လမ်းသို့မျှောကိုးကြည့်မိသည့်အခါကမ္ဘာပျက်သကဲ့သို့ခဲ့စားနေရသည်..ဒီ့အပြင်ဟင်္သာကငိုယိုနေသေး..
VOCÊ ESTÁ LENDO
~မေတ္တာလုံ၍နွေးစေချင်~(Completed)
Romance~မေတ္တာတွေဟာမခြုံခင်ကတည်းက လုံနေခဲ့ပြီးသား...~ 23.2.2023