"ဟယ်လို"
"ဟယ်လို..အေးပြော ဘယ်သူလဲကွ"
"ဟို ကျွန်တော်ဟိုတစ်ခါဖုန်းဆက်တဲ့ကောင်လေးပါ ဟိုဟာလေ..ဇင်ထက်.ဇင်ထက်နဲ့ပြောချင်လို့ပါ"
"အာ..သိပြီသိပြီ ဒါပေမယ့်..ဇင်ထက်ကမင်းဖုန်းဆက်လာရင်သူ့ဆီလာမပေးဖို့မှာထားတယ်ကွ"
"ဗျာ.."
"စိတ်မကောင်းပေမယ့် ငါလည်းဘာမှမတက်နိုင်ဘူး"
"ဟုတ်ကဲ့"
ကျောင်းဆရာဦးသောင်းရဲ့ပြောကြားချက်အပြီးသူ့မှာဟာတာတာကြီးဖြစ်ကျန်ခဲ့ရတယ်။ဒီနှစ်တွေအတွင်းမြတ်နိုးရတဲ့လူသားကသူ့ကိုဘယ်လောက်ထိမုန်းတီးနေခဲ့မလဲ..စဥ်းစားရင်းနဲ့တောင်ခြေကုန်လက်ပန်းကျမိပါသည်။
"ဇင်ထက်...ဟူးးးး"
ထိန်ထိန်သာနေတဲ့လမင်းကြီးကိုတဆုံးမျှော်ကြည့်ရင်းကစီးကရက်တစ်လိပ်ကိုရှိုက်ဖွာနေမိသည်။
"မဖြစ်တော့ဘူး ဒီပုံအတိုင်းဆို welcomeပြီးတာနဲ့ရွာကိုဆင်းမှဖြစ်မယ် မဟုတ်ရင်....ဟားးး"
ငြီးတွားနေရင်းမှဖုန်းကဝင်လာပြီ..Nameကိုကြည့်မိတော့ အကိုခန့်တဲ့လေ
"ပြောအကိုခန့်"
"မင်းမူးနေတာလား"
"ပေါက်ပေါက်ရှာရှာ သူများသားသမီးအလိမ္မာလေးကို"
"ဟားဟား "
ဖုန်းထဲကရီသံကိုအတိုင်းသားသူကြားနေရတယ်..
"ကိစ္စရှိလို့လား"
"အင်း ဆိုပါတော့"
"ဘာလဲ..ကောင်မလေးရသွားလို့လှမ်းကြွားတာလား"
"အဓိပ္ပါယ်မရှိတာတွေ"
"ဟက်.."
"ပျင်းလို့လှမ်းဆက်ကြည့်တာ မင်းအသံကတစ်မျိုးဖြစ်နေတယ် နေမကောင်းဘူးလား"
"အင်း..ဖျားချင်သလိုဖြစ်နေတာ "
"မင်းကဖျားချင်သလိုဖြစ်..ငါကဖျားပဲဖျားနေပြီ"
"ဟာ..ဟုတ်လား မိုးရေထိသွားလို့ဖြစ်မယ်"
"ဒါပဲရှိတာပဲ"
အဆောင်မှာတစ်ယောက်တည်းနေတဲ့လူဆိုတော့လည်းဖြိုးခန့်စိတ်ပူမိသွားတယ်..ညသန်းခေါင်အပူတွေကြီးပြီးမေ့မျောနေမှဒုက္ခ..
ВЫ ЧИТАЕТЕ
~မေတ္တာလုံ၍နွေးစေချင်~(Completed)
Любовные романы~မေတ္တာတွေဟာမခြုံခင်ကတည်းက လုံနေခဲ့ပြီးသား...~ 23.2.2023