Part-36(Uni+Zg)

99 5 3
                                    

"Baby.."

"ဗျာ"

ဈာပနကနေပြန်လာကတည်းကသက္ကတစ်ယောက်သူ့အခန်းလေးထဲမှာပဲခွေနေခဲ့တော့သည်။မနေနိုင်တော့တဲ့အတွက်နန္ဒဇော်လိုက်ချလာတော့မှငုတ်တုတ်လေးထထိုင်လေရဲ့

"Baby နေမကောင်းဘူးလား"

သူ့လက်တွေ ရဲရဲနီနေတဲ့ပါးပြင်လေးနဲ့နှာဖူးကိုထိတွေ့လိုက်တာနဲ့သက္ကခန္ဓာကိုယ်ကသူ့ဆီပြိုလဲလာတယ်

"Baby"

"ဒီ့ထက်ပိုပြီးကာကွယ်ပေးခဲ့ရမှာကို..သားမလုပ်နိုင်ခဲ့ဘူး"

"ဟင်း....Babyလုပ်နိုင်တဲ့အတိုင်းအတာထိလုပ်ပေးခဲ့တာပဲလေ နောက်ပြီး ဒါကBabyအပြစ်မဟုတ်ပါဘူး Daddyအပြစ်ပါ အားလုံးကDaddyလုပ်ခဲ့တာတွေချည်းပဲ ဒါ့ကြောင့်ကိုယ့်ကိုယ်ကိုယ်အပြစ်ဖွဲ့ပြီးဝမ်းနည်းမနေနဲ့ ကြားလား"

"....."

"ကြားလားလို့Baby"

"ဟုတ်.."

"အင်း မငိုနဲ့တော့..ပြအုံး လဲ့နိုင်အမေကDaddyရဲ့သားလေးကိုရိုက်သွားတာကြည့်ရအောင် "

နီရဲနေတဲ့ပါးပြင်လေးကြောင့်စိတ်မကောင်းဖြစ်ရပေမယ့်စဥ်းစားကြည့်ရင်လဲ့နိုင်ကသာနစ်နာသူဖြစ်လို့သူစိတ်လျှော့ထားလိုက်ရတယ်

"အင်း ထားတော့ Daddyတို့လက်ပံကုန်းကိုလိုက်ရအုံးမယ်မလား "

"Daddyလိုက်ချင်လို့လား"

"လိုက်မလားလို့ ဟင်္သာအကြောင်းDaddyသိတယ် သားပြောပြလို့သူနားဝင်မှာမဟုတ်ဘူး Daddyကိုယ်တိုင်ရှင်းပြမှဖြစ်မယ် "

"အော်..ဒါဖြင့်လည်းလိုက်ခဲ့လေ Daddyပါတော့သားလည်းအဖော်ရတာပေါ့ ဒါပေမယ့် ဖြိုးခန့်လည်းလိုက်လာမှာပါ "

"ဟိုကလေးလား"

"အွန်း ရွှေချိုးတို့သူငယ်ချင်း"

"အင်းအင်း ခေါ်ခဲ့လိုက်လေ Daddyတို့အိမ်ကကားနဲ့ပဲသွားကြမယ် "

"ဟုတ် ဖြိုးခန့်ကိုသားလှမ်းပြောလိုက်မယ်"

"ကောင်းပြီ"

*******

"မင်းခန့် "

"ဟင်"

"ဗိုက်မဆာဘူးလား မနေ့ကတည်းကဘာမှမစားဘူး တစ်ခုခုစားလေ"

~မေတ္တာလုံ၍နွေးစေချင်~(Completed)Tempat cerita menjadi hidup. Temukan sekarang