တစ်ညလုံးငုတ်တုပ်ထိုင်ရင်းကပဲအချိန်ကုန်ဖြစ်ကြတယ်။နားတဲ့သူကနား အလုပ်ရှိတဲ့သူကလုပ်နဲ့ဆူညံဆူညံဖြစ်နေတော့မြို့ကြီးသားတစ်သိုက်ဟာလည်းဘုန်းကြီးကျောင်းပေါ်ဝိုင်းလို့ဖြင့်
"အကိုတို့အိပ်ချင်အိပ်ကြနော် လုပ်အားပေးတွေအရမ်းများတော့လုပ်စရာတောင်သိပ်ရှိတာမဟုတ်ဘူး"
"အလုပ်မရှိရင်တောင်ကိုယ်နဲ့မဆိုင်သလိုကြီးအိပ်နေရမှာကအဆင်မပြေဘူးလေဇင်ထက်ရ မင်းတောင်အိပ်လို့လား"
"အကိုတို့ပင်ပန်းမှာစိတ်ပူလို့ပါ ဖြိုးခန့်ကလည်းပြောတယ်လေ မြို့ကအကိုတွေဒုက္ခများလို့မဖြစ်ဘူးဆိုလို့"
"နေပါစေ ဒီကောင်တွေကအားနာစရာလူတွေမဟုတ်ဘူး ဖြိုးခန့်ကလျှောက်ပြောနေတာ ထားလိုက်"
"ဟုတ်တယ်ညီ အကိုတို့လည်းမအိပ်ချင်ပါဘူး သူငယ်ချင်းမင်္ဂလာပွဲလာရတာ အိပ်ပြီးပြန်စရာလား ဒီမှာမိုနိုပိုလီတောင်ဆော့ကြမလို့လုပ်နေတာ"
သက္ကစကားကိုဟန်သူကဝင်ထောက်ရင်းလက်ထဲကမိုနိုပိုလီကတ်ပြားကြီးကိုလည်းအားလုံးရဲ့အလယ်တည့်တည့်မှာချလိုက်တယ်
"ဟ ဒါတော့ကျွန်တော်လည်းစိတ်ဝင်စားတယ် ကလေးတွေဆော့ဆော့နေတာ ကျွန်တော်ဆော့ချင်တာကြာရောပေါ့ ပါလို့ရမလားဗျ"
"ရတာပေါ့ ဘာလို့မရရမှာလဲ လာဝိုင်းလိုက် လာ"
ဟန်သူရဲ့ဖိတ်ခေါ်သံအပြီးပုဆိုးတိုတိုဝတ်လို့ဇင်ထက်တစ်ယောက်ဝိုင်းထဲဝင်ထိုင်လာရဲ့..
"ငါမပါဘူး ငါ့အစားရွှေချိုးဆော့မယ်"
"နှစ်ယောက်လုံးပါတော့ယီးဖြစ်မှာမို့လို့လား"
!ဖောင်း..!
"အ့..နာသွားပြီနော်ရာဇာ.."
နာရင်းအုပ်တဲ့အသံကရွာထိပ်ကတောင်ကြားရသယောင်ပါပဲ...အသားနာသွားတော့ဘုကြည့်ကြည့်လာတဲ့ဟန်သူ့ကိုရာဇာလူမိုက်ကြည့်ပြန်ကြည့်ပေးလိုက်ရင်း
"ဘုန်းကြီးကျောင်း မင်းအဖေအိမ်မဟုတ်ဘူး ငါတစ်ချက်တည်းလုပ်ထည့်လိုက်ရင်အသက်ပါပျောက်မယ်"
ŞİMDİ OKUDUĞUN
~မေတ္တာလုံ၍နွေးစေချင်~(Completed)
Romantizm~မေတ္တာတွေဟာမခြုံခင်ကတည်းက လုံနေခဲ့ပြီးသား...~ 23.2.2023