Part-51(Uni+Zg)

54 2 0
                                    

"ကျုပ်ဘက်ကစပြီးစိမ်းကားသွားခဲ့ပါတယ်လို့ကိုသက္ကတွေးမှာမျိုးကိုမလိုလားဘူး ဟင့် နောက်ပြောင်ကျီစယ်နေမှန်းသိသိရက်နဲ့တောင် အင့်ဟင့် ဒီလိုတွေငိုရတဲ့အထိနာကျင်ရတယ်"

"ရွှေချိုးရာ မင်းနဲ့တော့မဖြစ်သေးပါဘူး စတိုင်းသာငိုနေရမယ်ဆို ကြာရင်မင်းမျက်ရည်တွေခမ်းကုန်ပါ့မယ်"

ပြောလည်းပြောလက်ချောင်းရှည်ရှည်တွေဟာလည်းရွှေချိုးပါးလေးတွေပေါ်ကမျက်ရည်စတွေကိုဖိသုတ်ပေးလာတယ်။လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်ကအကြောပြိုင်းပြိုင်းထနေတဲ့လက်တွေနဲ့ရေပုံးတွေဆွဲတင်ပေးသူဟာအခုတော့ဖြင့်သူငယ်နှပ်စားကလေးတစ်ယောက်လိုချစ်ရသူရင်ခွင်ထဲရှိုက်ငိုနေပုံကြောင့် ကာလသားတစ်ချို့မှာစပ်ဖြဲဖြဲလုပ်နေကြတော့၏။

"တိတ်တော့ ပင်ပန်းတယ်"

"အမြဲတမ်းလာလာစတယ် ငိုရင်ချက်ချင်းတိတ်ခိုင်းတယ် ကျုပ်ကစက်ရုပ်မှမဟုတ်ပဲဗျာ"

"အင်းပါ ကိုယ်သိပါပြီ အာဗြဲကြီးနဲ့ငိုနေတာမရှက်ဘူးလား ပြော"

ဒီတော့မှပတ်ဝန်းကျင်ကိုရွှေချိုးလှည့်ပတ်ကြည့်လေရဲ့..ဘေးတစ်ဖက်တစ်ချက်ဆီကပြုံးစိစိမျက်နှာပေးတွေ ခပ်လှမ်းလှမ်းကနေဂျိုကြည့်ကြည့်နေတဲ့ဟင်္သါနဲ့အတူ မကြုံစဖူးပြူးကြည့်နေတဲ့အပျိုတစ်သိုက်..

"လူတွေဆိုသည်မှာလည်း ကျုပ်တို့ကိုပဲစိတ်ဝင်စားနေတော့တာ"

"ဟားဟား အခုကိုဒေါသလေးကဘေးပတ်ဝန်းကျင်ကိုပတ်ရမ်းပြီပေါ့"

"အမှန်ပြောတာလေ ကြည့်ပါလား ကျုပ်တို့ကိုပဲလိုက်ကြည့်နေကြတာ ဒါတောင်ဖက်လျက်နမ်းနေကြတာမဟုတ်သေးဘူး"

မျက်စောင်းလေးတစ်ထိုးထိုးဖြင့်ပြောလာတော့ဘယ်ကောင်ခံနိုင်ရိုးရှိပါ့..
ခရမ်းရောင်ခေါင်းလေးရဲ့ချစ်စရာကောင်းနေမှုကြီးကိုသက္ကတောင့်မခံနိုင်ပါပဲထိုခေါင်းလေအားမေးဖျားကဆွဲမော့လို့နှုတ်ခမ်းလေးကိုနမ်းရှိုက်လိုက်မိတယ်။

"အွန့်.."

ပြွတ်စ်ခနဲမြည်သံနဲ့အတူပြူးကျယ်လာတဲ့မျက်ဝန်းလေးတွေဟာဘယ်လိုအချိန်မျိုးမှာမဆိုငြင်းဆန်ခြင်းရှိမနေခဲ့ပေ...

~မေတ္တာလုံ၍နွေးစေချင်~(Completed)Donde viven las historias. Descúbrelo ahora