"သူဌေး !!
အိမ်ကဖုန်းလာလို့"Meeting room ထဲ လှမ်းနေ
သည့် Kim ခြေလှမ်းများရပ်တန့်သွားသည်။"ဘာတဲ့လဲ?
အရေးမကြီးရင်ထားလိုက်
Meeting က စတော့မှာ""အကိုလေးJimin ခြေခေါက်သွားလို့ ကျောင်းဆေးပေးခန်းမှာ
ပါတဲ့ဗျ။ အရေးမကြီးရင် ကျွန်တော်သွားခေါ်.....""ကားထုတ်ထားလိုက်!
အစည်းဝေးကို Jeon နဲ့စထား။ ကိုယ် ကျောင်းခဏသွားမယ်"ခပ်မြန်မြန်ခြေလှမ်းတွေနဲ့ ထွက်သွားတဲ့ ဥက္ကဌ Kim ကြောင့် အတွင်းရေးမှူးခမျာ အူကြောင်ကြောင်ဖြင့်
ရပ်ကျန်ခဲ့ရသည်။>>>>>>>>>>>>🖤
အရှိန်မြန်မြန်မောင်းနေမိလား
Kim မသိပါ။ ဒီကလေးတလွဲတွေလုပ်ပြီဆို သူတကယ်လမ်းပျောက်ရသည်။
ဖုန်းခေါ်တော့လည်းမကိုင်။"တောက်!"
နက်ခ်တိုင်အား ဖြေလျှော့လိုက်ရင်း ချွေးစေးတွေနဲ့
လည်ပင်းတစ်ဝိုက်အား
ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်မိသည်။ကျောင်းဝင်းထဲအရှိန်ဖြင့်မောင်းဝင်လာတဲ့ အနက်ရောင်ကားကြီးအား ကျောင်းဝင်းထဲမှ လူတွေက ဝိုင်းကြည့်နေကြ၏။
ကားပေါ်က ဆင်းလာတဲ့ ဝတ်စုံပြည့်နဲ့ ခန့်ညားသော
လူလတ်ပိုင်း အမျိုးသားကို
မြင်ပြန်တော့လည်း
အကြည့်မခွာနိုင်။"ကျောင်းဆေးပေးခန်းက ဘယ်မှာလဲ?"
သြဇာညောင်းသည့် အသံက တည်ငြိမ်အေးရှစွာ ထွက်ပေါ်လာပြီးနောက် ညွှန်ပြလာသည့်နေရာသို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာတော့သည်။
>>>>>>>>>>🖤
"ခဏလေးသည်းခံလိုက် ကျောင်းသား"
"အ!"
"ခဏပဲနာမှာ
အဆစ်ယောင်သွားတာမို့
ဆေးတော့သေချာလိမ်းမှရမယ်"ဒေါက်တာစကားတွေက Jimin
နားထဲဝင်တစ်ချက် မဝင်တစ်ချက်ရှိသည်။
အကြောင်းကား
ဘေးနားမှာ မျက်နှာထားတင်းတင်းနဲ့ ရပ်ကြည့်နေတဲ့ လူကြီးကြောင့် ..........။Jimin နာတာတောင် အံကိုကြိတ်ထားရပြီး ခေါင်းကို အတင်းငုံ့ထားရသည်။
YOU ARE READING
ဦးငယ် // Vmin