"မင်းနဲ့ငါ
အိမ်ရောက်မှရှင်းမယ်!"တင်းကြပ်စွာဆုပ်ကိုင်ခံထား
ရသည့် လက်ကောက်ဝတ်
တစ်ဖက်အား
Jimin အလန့်တကြား
ဆောင့်ရုန်းလိုက်မိသည်။သွေးလည်ပတ်မှုတို့နှောင့်နှေးသွားသည့် အဆိုပါ
လက်ကောက်ဝတ်နေရာကား နီရဲလျက်ရှိ၏။ရှေ့မှ အရှိန်ဖြင့်သွားနေသော Kim သည် ဖြုတ်ချသွားသောလက်တစ်စုံအား
စူးရဲစွာစိုက်ကြည့်လိုက်ပြီး
မျက်နှာတစ်ခုလုံးက
ဒေါသအငွေ့တို့ဖုံးလွှမ်း၍ တင်းမာလျက်ရှိရာ အချိန်မရွေးပေါက်ကွဲသွားနိုင်သည့် မီးတောင်တစ်ခုလို။နာကျင်သွားသော
လက်ကောက်ဝတ်အား ကျန်လက်တစ်ဖက်ဖြင့်အုပ်ကိုင်ရင်း
Jimin က မဝံ့မရဲဟန်ဖြင့်
လူကြီးအား မော့ကြည့်လိုက်ပြီး"ရိုက်မှာဆို
အိမ်ထိသွားစရာမလိုပါဘူး။
ဒီမှာရိုက်လည်းရပါတယ်။
ကျွန်တော့်ကို ဦးငယ်ပဲပိုင်တာပါ။
ဘာလို့လည်းဆိုတော့...
ကျွန်တော်...ကျွန်တော်က
ဦးငယ်အကြွေးနဲ့သိမ်းလာတဲ့......""KimJimin !!"
Car parking တွင်လူရှင်းနေတာမို့ Kim အသံက ဟိန်းထွက်
သွားလေသည်။ထို့နောက် Kim ၏ ညာဘက်လက်က ရုတ်တရက်လေထဲသို့မြှောက်တက်သွားရာ Jimin ကမျက်လုံးကို မှိတ်ချလိုက်ပြီး
ပါးပြင်ပေါ်ကျရောက်လာမည့်
နာကျင်မှုအားခံယူရန် အသင့်ဖြစ်နေခဲ့လေသည်။ထိုအခိုက်တန့်တွင် Jimin သည်
ပါးပေါ်က နာကျင်မှုအား
မခံစားရသေးခင် ဝဲဘက်ရင်အုံက နှလုံးသားဆီမှ ထုံကျင်သွားသည့်ခံစားချက်ကိုစတင်ခံစားလိုက်ရသည်။"တောက်! မင်း!"
အရိုက်ခံရမှာကြောက်လား?
မေးရင် ကြောက်ပါသည်။
ဒီအသက်အရွယ်ထိ မိဘနှစ်ပါးဆီက
တစ်ခါမှအရိုက်မခံရဖူးတာမို့။သို့သော် ပါးပြင်ပေါ်သို့
ဦးငယ်ရဲ့ လက်ဖဝါးတစ်ဖက်က
ရောက်မလာခဲ့။
တကယ်ဆို ကျွန်တော်အရိုက်ခံရသင့်တယ်လေ။"အားးးး"
စိတ်လွတ်သူတစ်ဦးကဲ့သို့
တစ်ချက်အော်ချလိုက်ပြီးနောက်
Kim ရဲ့ ဒေါသတွေက ကားမှန်ပေါ်သို့ အရှိန်ဖြင့် ခပ်မြန်မြန်
ကျရောက်သွားလေသည်။
YOU ARE READING
ဦးငယ် // Vmin