/Always = Isak Danielson
နားထောင်ပြီး ဖတ်နော်/🖤
"စက်ရုံကိစ္စက ခင်ဗျားလုပ်တာလား? !!"
"မဟုတ်တာ
အဲ့တာတကယ်ငါလုပ်တာမဟုတ်ဘူး။ ဒီတိုင်း ကံတရားက ငါ့ဘက်ပါတာဖြစ်မယ်""KimJimin! KimJimin ရော
ခင်ဗျား ဘာလုပ်ပစ်လိုက်တာလဲ? လွှတ်စမ်း ကျုပ်ကို!!"Kim ဇောက်ထိုးအနေအထားမှရုန်းကာ ဒေါသတကြီးအော်ဟစ်တော့ သူဌေး Han က ကိုင်ထားသည့် သစ်သားချောင်းဖြင့် သူ့မေးဖျားအား တွန်းပင့်၍ မထီတရီဆိုလာ၏။
"မပူပါနဲ့ မြို့တော်ဝန်က
ဂရုစိုက်ပေးပါလိမ့်မယ်""ဘာ!"
မြို့တော်ဝန်?
မြို့တော်ဝန်က ဘာဖြစ်လို့......။
မဟုတ်ရဘူး
စီးပွားရေးအရအလိုက်အထိုက်ဆက်ဆံနေရပေမယ့် ကလေးငယ်ကို ထိခိုက်လာလိမ့်မယ်လို့တော့.......သူတကယ်
မထင်ခဲ့ရိုးအမှန်ပါ။>>>>>>>>>>>>🖤
Jungkook ကုမ္ပဏီမှ ထွက်လာတော့ ဝင်ပေါက်မှ သတင်းသမားများက သူ့ထံအလုအယက်တိုးဝင်လာကြ၏။
"ဥက္ကဌ KimTaeHyung က
တကယ်ပဲ တိမ်းရှောင်နေတာလား? ""နစ်နာသူမိသားစုကို ခေတ္တသာတွေ့ဆုံခဲ့ပြီး တောင်းပန်စကားမပြောခဲ့ဘူး ဆိုတာ တကယ်လား?"
"ကျွန်တော်မသိပါဘူး
ကုမ္ပဏီဖက်က ဖြေရှင်းချက်ကိုစောင့်ပေးပါ"လူအုပ်ကြားထဲမှ တိုးထွက်လာရင်း Car Parking ၌ ရပ်စောင့်နေသော ByungYuri ဆီ တန်းသွားလိုက်သည်။
"Kim ပျောက်နေတယ်"
"အင်း ကျွန်တော်ရှာနေပါတယ်
တစ်ခုခုဆို ကျွန်တော့်ကို အရင်ပြောမယ့်သူပါ။ ခုက....ခုက
KimJimin ပါ ပျောက်နေတာမို့""တို့ဘက်ကလည်း နိုင်သလောက်လူအင်အားဖြည့်ပြီး ရှာနေတာမို့
ကုမ္ပဏီဖက် Jeon က အားစိုက်ထားပေးလို့ရမလား?""ကျွန်တော်အဲ့လိုပဲလုပ်နေပါတယ်
အများကြီးလည်း မပူပါနဲ့
Kim က ဘာမှမရှိတဲ့ ဘဝကနေ
ဒီအခြေအနေထိ ရောက်အောင်လာနိုင်ခဲ့တဲ့လူပါ။
စက်ရုံတစ်လုံးအတွက်နဲ့
ဘဝတစ်ခုလုံး ပြိုလဲသွားမယ့်လူ
မဟုတ်ပါဘူး။ ကျွန်တော်တို့ ယုံကြည်ပေးရအောင်"
YOU ARE READING
ဦးငယ် // Vmin