"ဦးငယ် နွားနို့"
"အွန်း"
တစ်ချက်မျှသာ အသံပြုရင်း macbook ထဲ ခေါင်းစိုက်နေသည့် လူကြီးကြောင့် KimJimin အနည်းငယ်ဆွေးသွားသည်။
ပစ်ထားတာကြာပြီ။
တစ်ပတ်လုံး မျက်နှာချင်းဆိုင် စကားပြောရသည်မှာ ခပ်ရှားရှား။ ရင်ခွင်ကျယ်ထဲ ခေါင်းတိုးပြီး အိပ်ချင်ပေမယ့် သူအိပ်ပျော်ပြီးမှသာ ဦးငယ်က အိပ်ရာဝင်ပြီး သူနိုးလာသည့်အချိန်ဆို ဦးငယ်က မရှိတော့။ အလုပ်သွားနှင့်ပြီ။
ခုဆို
ကျောင်းသွားရင်တောင် ဒရိုင်ဘာဖြင့်သာ သွားရသည်။ဒီလူကြီးက အချစ်ပေါ့နေတာ?
ဘာလို့လဲ?
ချစ်ရတာ ရိုးအီသွားလို့လား?.....။အတွေးတို့ နယ်လွန်သွားသောအခါ ကလေးလေး၏ မျက်ဝန်းတွေထဲ မျက်ရည်ကြည်တို့ ရစ်သိုင်းလာတာမို့ မျက်တောင်လေးများပုတ်ခတ်၍ သိမ်းဆည်းလိုက်ပုံက မြန်မြန်ဆန်ဆန်။
သို့ပေမယ့်လည်း
သူ ဦးငယ်ဆီက အာရုံစိုက်ခံချင်ပါသေးသည်။"နှိပ်ပေးမယ်လေ"
"အင်းး"
ပုခုံးကျယ်ထက် ဟိုဟိုဒီဒီ နှိပ်ပေးတော့ ဦးငယ်ကခေါင်းကို အနည်းငယ်ငုံ့ပေးရင်း Macbook ထဲ အာရုံပြန်စိုက်သွားသည်။
"အွန်းး ရပြီ တော်တော့
လက်ညောင်းနေလိမ့်မယ်"ပုခုံးပေါ်မှ သူ့လက်အား
ခပ်ဖွဖွဆုပ်ကိုင်ရင်း ဖယ်ရှားလာတော့ ကျောခိုင်းထားသော ဦးငယ်၏ ဘယ်ဘက်ပါးပြင်အား
သူ ရွှတ်ခနဲ နမ်းပစ်လိုက်သည်။ဒါနောက်ဆုံးလက်နက်ပဲ။
ဒါတောင်
သူ့ကိုအာရုံမစိုက်လာရင်
တစ်ကယ်စိတ်ကောက်ပစ်တော့မှာ။"သား အိပ်တော့မယ်~"
"အင်း
ကိုယ် Aircon လျှော့ပေးမယ်"ဒါပါပဲ......။
ဒီလောက်ပဲ....... ။အရင်လို
အိမ်မက်လှလှလေးမက်ဖို့
မပြောသလို အိပ်ရာဝင်အနမ်းလေး ဦးငယ် မပေးဘူး။
ကြည့်ပါလား?
ဒါအချစ်လျော့နေတဲ့ လက္ခဏာတွေမလား?
သိလိုက်ပါပြီ။အသက်ကြီးတဲ့လူတွေနဲ့ချစ်ရတာ
မကောင်းလိုက်တာ.....။"တစ်ကယ်အိပ်ပြီ"
ESTÁS LEYENDO
ဦးငယ် // Vmin