ဆိုဖာခုံဘေးတွင် ခပ်ပုံ့ပုံ့လေးထိုင်နေသော အသက်
၁၇ ၁၈ အရွယ်ခန့်သာ
ရှိသေးသည့် ဖြူဥဥကောင်ကလေးအား Jungkook အထူးအဆန်း ကြည့်နေမိသည်။အနှီငိုမဲ့မဲ့လေးက သူတို့အား
မော့ကြည့်မလာဘဲ
ခေါင်းသာငုံ့ထားမြဲပင်.....။"ဘယ်က ဇယားလေးလဲ? Kim"
"အကြွေးနဲ့သိမ်းလာတာ"
Kim အသံက
သက်တောင့်သက်သာရှိလှ၏။"ဟင်~"
"အင်း"
"သူ့မိဘတွေကရော လက်ခံလား"
"မရှိတော့ဘူး
အက်ဆီးဒင့်ဖြစ်ပြီး ဆုံးသွားကြပြီ""What theee..
မဟုတ်သေးပါဘူး Kim ရာ
သူ့တစ်ခြားအုပ်ထိန်းသူတွေရော""မရှိဘူး
မရှိလို့ခေါ်လာတာလေ....။
မွေးစားဖို့ပါဆို! "စိတ်မရှည်သလို
Kim ရဲ့ စကားသံအဆုံး Jungkook ထိုကောင်လေးကို လှမ်းကြည့်တော့ မျက်ရည်အဝိုင်းသားနဲ့ သူ့အား
ပြန်မော့ကြည့်နေသည်။အတန်ကြာမှ ခေါင်းကို
ငုံ့သွားပြီးနောက်
ကြမ်းပြင်ပေါ်သို့ မျက်ရည်ဥ
တွေက ပေါက်ခနဲ။ထိုအခြင်းအရာကို မြင်လိုက်သည့် Kim ရဲ့ ဒေါသတွေက ခက်ထန်သည့် စကားလုံးများအဖြစ်ပြောင်းလဲသွားသည့်အခါ -
"ကျစ်! ဘာကိစ္စမျက်ရည်က
ကျရတာလဲ? ဟမ်!
ငါမင်းကိုနှိပ်စက်နေလို့လား"ထိုအခါ
အနှီကလေး၏ မျက်ရည်ဥတွေက ဆည်ကျိုးသကဲ့သို့ တားမနိုင် ဆီးမရ ပိုတိုး၍ ကျလေတော့သည်။"မင်းငေါက်မှ
ပိုဆိုးနေပါပီ Kim ရာ"ခေါင်းပြန်မမော့တော့သော
ကောင်လေးဟာ
ရှိုက်သံပင်မထွက်လာအောင်
ထိန်းချုပ်ထားရသဖြင့် ပုခုံးငယ်ဟာ တုန်ရီနေလျက်ရှိ၏။Jungkook မနေနိုင်တော့ဘဲ-
"နာမည်ဘယ်လိုခေါ်လဲ မင်း"
"အစ်...
Park....ParkJimin ပါ"ရှိုက်သံစွက်သော
အဖြေသည် တိုးတိုးလျလျ။သို့သော် JungKook ခပ်ရေးရေးပြုံးပြလိုက်သည်။"ခုတော့ KimJimin ပေါ့လေ.....
အသက်ကကော""၁၇ ပါ ....အစ်!"
ESTÁS LEYENDO
ဦးငယ် // Vmin