"ကိုကိုကြီး~"
"ပြော!"
Jimin နှာတစ်ချက်မှုတ်လိုက်ရင်း
စိတ်ဆိုးဟန်ပြုတော့ YoonGi က
"မပြောလည်းနေ" ဆိုသည့် အကြည့်တို့ ပို့လွှတ်လာ၏။
Jimin ကပင် မနေနိုင်ဘဲ ပြန်လျှော့လိုက်ရသည်။"ဟို ဟိုလေ
ယောင်္ကျားလေးနှစ်ယောက်က
ချစ်လို့ရလားဟင်?
အဲ့လိုလုပ်ရင် အပြစ်ဖြစ်လား?""လူလူချင်းချစ်တာပဲ
အပြစ်လို့ ဘယ်သတ်မှတ်လို့ရမလဲ?""............"
ဆန်မုန့်လုံးသည်
မျက်လုံးကလေးများငြိမ်ကျသွားပြီး စဉ်းစားဟန်ပြုနေ၏။"ဘာလို့လဲ
မင်းချစ်နေတဲ့လူက ယောင်္ကျားလေးမလို့လား?""ကျွန်တော်မသိဘူး
ချစ်နေလားဆိုတာတော့
မသိပေမယ့်......""သူကရော မင်းကိုချစ်လား?"
"ဟင်....
ဟင့်အင်း....မသိဘူး။
တစ်ခါမှလည်း ဝန်မခံဖူးဘူး
ဒါပေမယ့် ကျွန်တော့်ကို
နမ်း... နမ်းတယ်""............"
သူ့ကိုများအထင်သေးသွားလေမလားဟူသော အရိပ်အယောင်တို့ လွှမ်းခြုံနေသည့် အားဖျော့သောအကြည့်က အလွန်ပင် သနားချင့်စဖွယ်။
YoonGi သည် အေးစက်စက်နိုင်
သော်လည်း ထိုကလေးအား အနည်းငယ်မျှပင် ဥပေက္ခာမပြုနိုင်ဘဲ ရှိလေသည်။"တစ်စုံတစ်ယောက်ကတော့
ပြောဖူးတယ်။
ကျွန်တော်က သူ့အတွက်အနှောင့်အယှက်မို့ အနားမှာမနေဘဲ ထွက်သွားပေးတဲ့။
ကျွန်တော်က အဲ့လိုမျိုးမို့ထင်တယ်"ခပ်တိုးတိုးဆိုရင်း မျက်လွှာချသွားသူဟာ ကုတင်ခြေရင်း၌ ဒူးကို လက်နှစ်ဖက်ဖြင့်ပိုက်ရင်း
ခပ်ပုံ့ပုံ့လေး ထိုင်နေလျက်သား။"လုံးလုံး!"
ဖခင်ဖြစ်သူ၏ အော်ခေါ်သံကြောင့် YoonGi ပြောမည့်စကားတို့ ရုတ်ချည်းရပ်တန့်သွားရသည်။
"အဘိုးခေါ်နေပြီ ကျွန်တော်သွားတော့မယ်ကိုကိုကြီး"
"ဆန်မုန့်လုံး ခဏ!"
"..........."
ဟန့်တားလိုက်တော့
မတ်တပ်ရပ်လိုက်ရင်း
ခပ်ငေးငေးလေးလှည့်ကြည့်လာသည်။
YOU ARE READING
ဦးငယ် // Vmin