"ဒီလိုအလားတူဖြစ်ရပ်မျိုးထပ်ဖြစ်ရင် လူနာက စိုးရိမ်ရပါတယ်။
ဒဏ်ရာမကျက်သေးခင် ချုပ်ရိုးပွင့်တာ တစ်ခါဖြစ်ဖူးပြီး အခုတခါထပ်ဖြစ်တာကလည်း ဒဏ်ရာကိုဆောင့်မိတာမို့ အသက်အန္တရာယ်စိုးရိမ်ရပြီး နောက်တစ်ခါလုံးဝမဖြစ်အောင် ဆင်ခြင်ရပါမယ်""ဟုတ်ကဲ့
ဂရုစိုက်ပါ့မယ် Doctor"Kim ဟာ doctor စကားတွေအား မှတ်သားတုန့်ပြန်ရင်း ပြတင်းမှန်မှ အပြင်ဘက်သို့ငေးကြည့်နေသော လူနာလေးထံ အကြည့်ပို့မိသည်။
အနေအထိုင်သတိထားရန်မှာကြားပြီး တာဝန်ကျဆရာဝန်ထွက်သွားပြီးချိန်ထိ လူနာလေးဟာ Kim အား မော့ကြည့်မလာခဲ့ပေ။
"KimJimin~~"
နူးညံ့နွေးထွေးမှုတို့ပျော်ဝင်နေသည့် ထိုလူကြီး၏ အသံတွင် Jimin နှလုံးသားသည် ခပ်ဖြည်းဖြည်းချင်းလှိုက်ခုန်၍ လုံခြုံမှုတို့အပြည့်အဝခံစားလိုက်ရလေသည်။
သို့သော် ဤလူကြီးအား အပြည့်အဝဖက်တွယ်ခွင့်မရှိ။ ထပ်မံခိုလှုံခွင့်မရှိတော့သည့်ဘဝ။"ဦးငယ်....ကျွန်တော်~....."
ခပ်ဖြည်းဖြည်း မော့ကြည့်လာသော မျက်ဝန်းငယ်အတွင်း
နေရာအပြည့်ယူထားသော မျက်ရည်စတွေ။လည်ချောင်းတွင်းတစ်ဆို့နေသည့်ခံစားချက်က စကားလုံးအချို့ဆက်မပြောနိုင်အောင် အလွန်ပင်ဆိုးရွားလှပြီး နှလုံးသား တစ်ခုလုံး
ညှစ်ယူခံထားရသည့်နှယ် Jimin သည် အသက်ရှူရန်ပင်ခက်ခဲကာ စူးအောင့်၍ပင်နေ၏။ပြိုတော့မည့်မိုးကဲ့သို့ Jimin ၏ မျက်နှာကြောင့် Kim သည် ပြာပြာသလဲပင် ကုတင်ဘေးဝင်ထိုင်လိုက်မိသည်။
"အထင်လွဲနေတာလား?...ဟင်....
ကိုယ်မဟုတ်ဘူး ....အဲ့ဒီ message က ကိုယ်ပို့တာမဟုတ်ဘူး။ အဲ့နေ့က အိမ်ကထွက်ထွက်ချင်း လူတစ်ယောက်ကို ကားနဲ့တိုက်မိမလိုဖြစ်ပြီး ကိုယ့်ဖုန်းကို....""ဟင့်အင်း အထင်မလွဲပါဘူး။
ဦးငယ်က အဲ့လိုလုပ်ခဲ့တယ်ဆိုရင်တောင် ကျွန်တော်က........
ကျွန်တော်က ခွင့်မလွှတ်နိုင်စရာဘာအကြောင်းရှိလို့လဲ?""မဟုတ်သေးဘူး....
မဟုတ်သေးဘူးလေ.....
ကိုယ်မှားတာပါ။
တောင်းပန်ပါတယ်
ကောင်းကောင်းမစောင့်ရှောက်နိုင်လို့ ချက်ချင်းမရှာနိုင်ခဲ့လို့~
တကယ်တောင်းပန်ပါတယ်"
ESTÁS LEYENDO
ဦးငယ် // Vmin