(သတင်းသမားအချို့၏ မေးခွန်းအား ဖြေဆိုရင်း Kim စိတ်တွေဟာ ထွေပြားနေခဲ့လျှက်။
ဒီကလေးဘာလို့ အစောကြီးပြန်ချင်ရတာပါလိမ့်။"KimJimin ဒဏ်ရာက သက်သာရဲ့လား Kim "
ByungYuri က ရှန်ပိုင်ခွက်အားကမ်းပေးရင်းဆိုလာသည်။
"သက်သာပါတယ်
ချုပ်ရိုးရာတော့ကျန်ခဲ့တယ်"ရုတ်ချည်းတိတ်ဆိတ်သွားသော စကားဝိုင်းတွင် Kim အာရုံက
အိမ်သို့သာ။ထို့နောက်
ဆူဆူညံညံခန်းမကျယ်ကြီးထဲ
ဖိတ်ကြားထားသောစီးပွားရေးနယ်ပယ်မှ ဧည့်သည်များအား လိုက်လံနှုတ်ဆက်နေစဉ် -"ဒီဘက်က
Mr. Kim ဖိတ်ကြားထားတဲ့
မြို့တော်ဝန်ပါ ။ အသက်က
အတူတူလောက်ပါပဲ"M&S ဥက္ကဌ
မိတ်ဆက်ပေးလာသောသူအား
Kim က အပြုံးဖြင့် ခပ်မြန်
မြန်နှုတ်ဆက်လိုက်ရသည်။
စီးပွားရေးလောက၌ နောက်ထပ်နေရာတစ်ခုခြေဆန့်ဖို့
အခွင့်ကောင်းပင်မဟုတ်ပါလား?။"တွေ့ရတာဝမ်းသာပါတယ်
မြို့တော်ဝန်""ပထမဆုံးဆုံဖူးတာပဲ Kim"
ကြည်လင်သောမျက်နှာနှင့် အနှီ
ချွဲဆောင်ဟွန်း.....
120°Jawline က ယောင်္ကျားပီသမှုအား အပြည့်အဝ ပံ့ပိုးပေးထားပြီး Seoul ၏ အသက်အငယ်ဆုံး မြို့တော်ဝန်အသစ်။စီးပွားရေးသမားများ၏
ပင်မကျောရိုးကြီးတစ်ခု။
ရာထူးအရှိန်အဝါကြီးမားမှု
ကြောင့် အသက်အရွယ်ငယ်သော်ငြား သြဇာငြောင်းလွန်းလှသူ။နှုတ်ခမ်းညွှတ်ရုံမျှသာပြုံးလိုက်သော်လည်း မထင်မရှား ပါးချိုင့်က ဘယ်ဘက်ပါးပြင်တွင်
နေရာယူသွားလေသည်။"တက်ရောက်ပေးတဲ့အတွက်
ကျေးဇူးပါပဲ""မဟုတ်တာ
Kim Group က ဖိတ်ကြားတာကို
ကျွန်တော်က ဂုဏ်ယူရမှာပါ"ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပုံရသော အနှီမြို့တော်ဝန်သည် စကားပြောအေးဆေးတည်ငြိမ်လွန်းလှပြီး
Kim နှင့် အလွန်ပင်အဆင်ပြေခဲ့သည်။)
YOU ARE READING
ဦးငယ် // Vmin