EXTRA - 7🦋

1.7K 93 53
                                    

ထမင်းစားခန်းတွင်း အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်နေ၏။ ခဏအကြာတွင် ဦးငယ်ထမင်းစစားပြီး တစ်ဝက်ခန့်ကုန်လောက်မှ KimJimin ယခင်ရက်က ပြီးဆုံးအောင်ပြောခွင့်မရခဲ့သည့်ကိစ္စအား ပြန်လည် အစပျိုးလိုက်လေသည်။

"အငှားကိုယ်ဝန်ဆောင်နဲ့......"

ဒီကိစ္စကြောင့်ပဲ ဦးငယ်နဲ့ သူ့ကြား တင်းမာမှုအချို့ရှိခဲ့သည်။ သို့သော် Jimin လက်မလျှော့ချင်သေး။
ဒါဟာ သူ မပေးနိုင်ခဲ့တဲ့ မိသားစုအသိုက်အမြုံလေးအတွက် နောက်ဆုံး မျှော်လင့်ချက်လေးပါပဲ။
ဦးငယ် နားလည်ပေးနိုင်လောက်မည်ထင်ပါ၏။

"ကိုယ် တော်ပြီ"

ဇွန်းခက်ရင်းအား ချကာ ဦးငယ်က လက်ပိုက်လျှက် သူ့အား ရှုတည်တည်သာ ကြည့်လာသည်။
သဘောက Jimin ထမင်းစားပြီးသည်အထိ ဆက်စောင့်ပေးမည်ဟုပင်။သို့သော် Jimin ပြောသည့်စကားကိုတော့ မဆက်စေလိုတာ....။ဒီလိုမျိုး.... ။

"ဦးငယ်~"

အတတ်နိုင်ဆုံး အသံအားလျှော့ချကာ သူခေါ်လျှင် ဦးငယ်သည် သူ့အား မချိပြုံးဖြင့် ကြည့်လာရင်း -

"ဘာက ဝမ်းနည်းခံပြင်းစရာအကောင်းဆုံးလဲသိလား?"

" ကျွန်တော်ဆိုလိုချင်တာက...."

"ကိုယ့်သွေးသားနဲ့ စပ်ယှက်တဲ့ ကလေးတစ်ယောက်မရှိရင် 'ဒီ အိမ်ထောင်ရေးက မတည်မြဲဘူး...
မင်း ကိုယ့်ကို ချည်နှောင်မထားနိုင်ဘူး'လို့တွေးနေခဲ့တာကိုပဲ"

"မဟုတ်ဘူး အဲ့လိုမဟုတ်ရပါဘူး
ဦးငယ်ရယ်"

"မင်းရှိရင်ရပြီ
မင်းရှိမှဖြစ်မယ့်ဘဝဆိုတာ
မင်းသိနေရင်ရပြီ....သဘာဝနဲ့လွန်ဆန်နေတာမို့ ပုံမှန်မိသားစုဘဝမျိုး ကိုယ်မမျှော်လင့်ဘူး.....အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း ....."

"ကျွန်တော်က ဒီတိုင်း ဦးငယ်ကို
သူများတွေလို သာမန်မိသားစုဘဝလေးပေးချင်ရုံပါ....ဦးငယ်တွေးသလိုမျိုး တစ်ခါမှ မတွေးဖူးပါဘူး။
ကျွန်တော့်အသက်နဲ့ ကျိန်..."

"တော်တော့! KimJimin! "

ပုခုံးငယ်ဟာ တုန်ခနဲ။
အော်လိုက်တာတောင်မဟုတ်သေး။
ဦးငယ်က ဟန့်လိုက်ရုံ....။

ဦးငယ် // VminWo Geschichten leben. Entdecke jetzt