"သူဋ္ဌေး Han
ဒီတစ်ခါလုပ်တာ လက်နည်းနည်းလွန်တယ်မထင်ဘူးလားဗျ""ဓားဒဏ်ရာကနည်းနည်းနက်ပေမယ့် သေစေနိုင်လောက်တဲ့ထိ မဟုတ်ပါဘူး မြို့တော်ဝန်ရဲ့.....
ကားပေါ်က ပစ်ချလိုက်တဲ့အရှိန်နဲ့ဆိုရင်တော့ အင်း.....
မပြောတတ်ဘူး"".........."
"Kim က
အဲ့လောက်နဲ့ပြိုလဲသွားမယ့်လူမဟုတ်ဘူး မြို့တော်ဝန်
သူ့နောက်မှာ ByungYuri တစ်ယောက်လုံးရှိတာမို့"သူဌေး Han က သက်တောင့်သက်သာ ဆိုရင်း မြို့တော်ဝန်၏ ခွက်ထဲ အရက်အချို့ ဆက်ဖြည့်ပေး၏။
"စီးပွားရေးမဟုတ်ဘဲ.....
သူ့ဘဝက ပြိုလဲနေတာပဲလေ။
ကျွန်တော် အဲ့ကလေးကိုရှာချင်တယ်""မြို့တော်ဝန်က ဘာလုပ်ဖို့လဲ?"
"ဒီတိုင်းလက်လွှတ်ပေးလိုက်ရမှာနှမြောလို့"
"အစကထဲကပြောရောပေါ့ဗျာ"
"..........."
အရက်ခွက်အား လှည့်ရမ်းကစားနေသူဟာ မျှော်လင့်ချက်တို့
ယှက်သမ်းလျက်......။
သူဌေး Han ၏ ပြီတီတီမျက်နှာပေးအား ဂရုမစိုက်ဟန်လည်း ရှိလေသည်။>>>>>>>>>>>>🖤
ကြုံရာကားပေါ်တက်စီးရင်း
ရောက်လာသည်က
ပင်လယ်ကမ်းစပ်မြို့လေးသို့။
လတ်ဆတ်သောလေထုအား
တစ်ဝကြီးရှူရှိုက်လိုက်တော့
ဝမ်းဗိုက်က ဒဏ်ရာက
အနည်းငယ်သက်သာသွားသယောင်ရှိ၏။ရင်ဘတ်ထဲကဒဏ်ရာတွေလည်း ကုစားနိုင်ကောင်းရဲ့။
လမ်းဆုံးမို့သာဆင်းလာရသည်။
ဘာမြို့လည်းဆိုတာမသိသလို
သူ့လက်ထဲ၌ ကားခမှလွဲ၍ ဘာမှမပါချေ။စီးလာသည့်ဖိနပ်တွေရော အဝတ်ပွပွကြီးတစ်စုံကပါ ဆေးရုံမှ ဆရာဝန်ကပေးလိုက်တာဖြစ်ပြီး သူအခု အရက်ဆိုင်တစ်ဆိုင်ရှေ့တွင် ကျောက်ရုပ်သဖွယ်ရပ်နေမိသည်။
ကျွန်တော်ဘာဆက်လုပ်ရမလဲ?
ဦးငယ်။"..........."
ဆိုင်ရှင်အဘိုးကြီးသည်
ဆိုင်ရှေ့၌ အူကြောင်ကြောင်ရပ်နေသော ကောင်လေးအား
ခေါင်းစခြေဆုံး အကဲခတ်လျက်ရှိသည်။
VOUS LISEZ
ဦးငယ် // Vmin