ခုရက်ပိုင်းတွေ
KimJimin သိပ်ထူးဆန်းသည်။
သူ သတိထားမိသလောက်
အဲ့ဒါ Yoongi တို့ဆီ ဒုတိယအကြိမ်မြောက်သွားလည်ပြီးကတည်းက.......။ဥပမာ Kim ထမင်းစားနေတုန်း
ဘေးတွင် အိမ်အကူမရှိ၍
တစ်ခုခုများ ထယူမိလျှင် -"ဦးငယ် ဘာလိုလို့လဲ?"
"ဘာယူချင်တာလဲ?"
"နေနေ
သားယူပေးမယ်"ရေများ နည်းနည်းကြာကြာ
ချိုးမိလျှင် -"ဦးငယ်!! ကြာနေပြီလေ!"
"ရေမချိုးဘဲ ဘာလုပ်နေတာလဲ?"
"ကြာနေပြီလို့ ထွက်ခဲ့တော့!!"သူ့အား မျက်စိအောက်က
အပျောက်ကိုမခံ။အလုပ်လေး နည်းနည်းများပိ၍
ခေါင်းတွေကိုက်ကြောင်း
ညည်းညူမိလိုက်လျှင်လည်း-"ဆေးခန်းသွားရအောင်"
"ဆေးခန်းသွားမယ် ဦးငယ်"ရိုးရိုးခေါင်းကိုက်တာဖြစ်ကြောင်း၊
ဆေးခန်းသွားရန်မလိုကြောင်း
ရှင်းပြလည်း မရတော့....။
ဝမ်းနည်းပက်လက်ကြီး
ငိုယိုကာ တစ်နေကုန် စိတ်ကောက်တော့တာမို့ သူ့မှာအကြာကြီး ချော့ရသည်။ဒီကလေးတစ်ယောက်
ဘာတွေဖြစ်နေမှန်းကိုမသိ.....။>>>>>>>>>>>🖤
Ting.......
ရေဆာတာကြောင့် Kim နိုးလာတော့ ည နှစ်နာရီကြီး။
အိပ်ရာဘေးစားပွဲတွင်
ရေအဆင်သင့်ယူထားခြင်းမရှိတာကြောင့် ထထိုင်လိုက်ရင်း
ကုတင်မှဆင်းရန်ပြင်တော့ -"ဦးငယ် ရေဆာလို့လား?
သားသွားယူပေးမယ်"ထိုကလေးသည်
ပြောပြီးပြီးချင်း
သူ့ခန္ဓာကိုယ်အား ကျော်ခွပြီး အောက်ထပ်သို့ ပြေးဆင်းသွားတော့သည်။ကိုယ်စောင်းလေးနည်းနည်းလှည့်မိတာတောင် သတိထားမိသည့်ထိုကလေးက အသင့်အနေအထားဖြင့် အိပ်နေသလား
တောင်ထင်ရသည်။
ဒါမှမဟုတ် အိပ်ရောအိပ်ရဲ့လားမသိ။"ဦးငယ် ရေရပြီ
ဖြည်းဖြည်းသောက်""ကိုယ်က ကလေးလား? ဟွန်း"
သူ စနောက်လိုက်ပေမယ့်
ထိုကလေးရဲ့ မျက်နှာက
လုံးဝ အတည်အတံ့။
တစ်ခုခုဖြစ်နေတာအသေအချာပင်။
YOU ARE READING
ဦးငယ် // Vmin