"ဦးငယ် ခေါင်းသေချာသုတ်ပြီးမှ
ဆင်းခဲ့နော်။
သား အောက်မှာပဲစောင့်တော့မယ်"တဘက်တစ်ထည်အား သူ့ပုခုံးထက် လှမ်းတင်ပေးရင်း
ထိုကလေးက အေးအေးငြိမ်ငြိမ်ဆိုလာသည်။"ညနေစာဘာဟင်းလဲ?
ကလေးလေး""ဦးငယ်ကြိုက်တဲ့ ပုဇွန်ဆီပြန်"
"အင်း
ကိုယ် ရေမြန်မြန်ချိုးပြီး
ဆင်းခဲ့မယ်"နဖူးငယ်ထက် ခပ်အုပ်အုပ်လေးကျနေသော ဆံသားနုတို့အား
Kim အသာဆွဲဖွလိုက်တော့ KimJimin ၏ မျက်နှာထက် နွေဦးကဲ့သို့နွေးထွေးသော အပြုံးတို့
ဖြစ်တည်သွားရသည်။"မြန်မြန်ချိုးနော်
အကြာကြီးမနေနဲ့"နူးနူးညံ့ညံ့လေး ဆိုရင်း ထိုကလေးက သူ့ဆီ ဖြည်းဖြည်းချင်း တိုးကပ်လာ၏။
ထို့နောက်
မုတ်ဆိတ်ရိတ်ပြီးစ စိမ်းစိုနေသော Kim ၏ မေးဖျားထက်
ဖျတ်ခနဲ နမ်းချသွားသည်။ရင်အစုံသည် လှုပ်လှုပ်ခတ်ခတ်။
"KimJimin~"
ပုံမှန်အတိုင်း ထွက်ခွာသွားသည့် ကျောပြင်ငယ်အား ငေးကြည့်ကာ ဥက္ကဌ Kim နေရာမှာတင်
ငူငူကြီး ရပ်နေမိသည်။သူ့အတွက် ထိုကလေးဘက်က
အဆန်းတကြယ်တွေ
ချစ်ပြစရာမလိုခဲ့ဘူး........။နုနုထွေးထွေး ပြုံးပြလာတော့လည်း ချစ်ရသည်။
မေးဖျားလေးအား ခပ်တည်တည်
နမ်းချသွားလည်း ချစ်ရသည်။KimJimin ဟာ
Kim မြတ်မြတ်နိုးနိုး
သိမ်းချစ်ပစ်လိုက်ဖို့
ဖြစ်တည်လာခဲ့သလိုမျိုး။>>>>>>>>>>>>>
"ဘာလို့ ဒီဟင်းကို
ထည့်မစားတာလဲကွ"အခွံချွတ်ပြီးသား
ပုဇွန်တုပ်ကြီးများသည် ဟင်းခွက်ထဲ ပြည့်ပြည့်တင်းတင်းရှိနေ၏။
သို့သော် KimJimin က နည်းနည်းလေးတောင် မတို့ထိခဲ့။"ဟင့်အင်း
ဦးငယ်ကြိုက်တယ်မလား?
အဲ့ဒါကြောင့် ဒေါ်ကြီးကို ချက်ခိုင်းထားတာ။
ညနေကတည်းက""ဘာလို့ အဲ့လိုချစ်ဖို့ကောင်းအောင်တွေးပေးတတ်ရတာလဲ?
ဒါပေမယ့်လည်း
ဟင်းက အများကြီးလေ။
ကလေးလေးလည်း စား"
YOU ARE READING
ဦးငယ် // Vmin