🖤8🖤 (U+Z)

3.8K 288 30
                                    

လဲကျသွားသောတစ်ယောက်အားကြည့်ရင်း သေခြင်းတရားနဲ့နီးကပ်လာသည်ကို ခံစားမိသော်လည်း ထိုသူသည်
အနည်းငယ်ပင်တုန်လှုပ်မပြခဲ့။
Kim အား စူးရဲစွာတစ်ချက်ကြည့်၏။

"ငရဲက ငါတို့ချည်းပဲ သွားရမှာမဟုတ်ဘူး ။
မင်းကောင်လေးပါလိုက်ရမယ်ထင်တယ်"

"ဘာစောက်စကားပြောတာလဲ?!"

"ကားပေါ်ကပစ်ချခံရတဲ့
အရှိန်နဲ့ဆို သေလောက်ရောပေါ့။
အများကြီးမျှော်လင့်ထားတာလား? ဟားဟား"

ရုတ်တရက်
Kim နှုတ်က စကားသံတွေထွက်ကျမလာတော့ဘူး။
ကားပေါ်ကပစ်ချခံရတယ်တဲ့လား?။ ဓားဒဏ်ရာနဲ့လူတစ်ယောက်ကလေ......။
ဘယ်လိုနှလုံးသားနဲ့များ
ဒီလောက်ရက်စက်နိုင်ရတာလဲ?။

ဒီလူက CCTV မှတ်တမ်းထဲမှာ
Jimin ကို ထမ်းခေါ်သွားတဲ့လူ။

"မင်းစောက်ပေါက်ကိုပိတ်ထား!!
ငရဲကဘာလဲဆိုတာ မသေခင်
အပြည့်အဝခံစားရအောင်
လုပ်ပေးမယ်"

ပုံမှန်ထက်အသက်ရှူသံတွေပြင်းရှနေတဲ့ Kim ဟာ တစ်စုံတစ်ယောက်ကို ထပ်တူ
ပြန်နာကျင်စေဖို့ကြိုးစားနေရင်း
သူ့ရဲ့နှလုံးသားတစ်ခုလုံးဟာလည်းထုံကျင်စုတ်ပြတ်နေခဲ့တယ်။

ကံကြမ္မာဟာဘယ်လိုတောင်
ရက်စက်လွန်းရတာလဲ?။

>>>>>>>>>>>🖤

"လုံးလုံး"

"..........."

"လုံးလုံး!
နောက်ဖေးမှာပန်းကန်တွေပုံနေပြီ"

Jimin ရဲ့ နှုတ်ခမ်းဖူးဟာ
ရှေ့သို့ စူထော်ထွက်လာပြီး
ခေါင်းငုံ့တိုက်နေတဲ့စားပွဲကို
ထိခတ်သွားတော့မတတ်။

"အဘိုး ကျွန်တော့်ကို
အဲ့လိုမခေါ်ပါနဲ့ဆို~"

မကျေနပ်ကြောင်းပြောနေတာဆိုပေမယ့် စွာစွာကျယ်ကျယ်တော့မဟုတ်ဘူး။

နေစရာစားစရာအတွက်ခိုလှုံနေရတာမို့ နှင်လွှတ်လိုက်မှာလည်း သိပ်ကြောက်နေခဲ့သေးတာ။
မကျေနပ်ကြောင်းလည်းပြချင်ပေမယ့် ခေါင်းကိုမရဲတရဲငုံ့ထားပြီး စူပုတ်ပုတ်လေးဖြစ်နေခဲ့တယ်။

ဦးငယ် // VminМесто, где живут истории. Откройте их для себя