ဆေးရုံဝင်းထဲ ဝင်ရောက်လာသော အရေးပေါ်လူနာယာဉ်ကြောင့် ဆရာဝန်တစ်ချို့ပြေးထွက်လာပြီး ထိုနေရာတွင် ခေတ္တပွက်လောရိုက်ဆူညံသွား၏။
ကားပေါ်မှ ချလိုက်သော တွန်းလှည်းထက် အကြည့်ရောက်သွားသောအခါတွင်မူ
Kim သည် ခြေမခိုင်တော့။သူ ဘယ်လိုနှလုံးသားနဲ့များ
ဒါကို ဆက်ကြည့်နေနိုင်ပါ့မလဲလေ....... ။"Kim!"
အရုပ်ကြိုးပြတ်လဲကျသွားသည့်
Kim အား Jungkook က အပြေးလာထူ၏။"သတိထားစမ်းပါ!"
အရေးပေါ်ခန်းထဲ တွန်းဝင်သွားသော ဆရာဝန်များကြားထဲ
သွေးတို့ဖြင့် မြင်မကောင်းအောင်
ငြိမ်သက်နေခဲ့သည့် ကိုယ်ငယ်လေး။ဦးခေါင်းတစ်ခုလုံး
စေးကပ်နေသည့်သွေးတို့က
အခင်းဖြစ်သည့်နေရာ၌ အချိန်အတော်ကြာ ရှိနေခဲ့သည့် သက်သေတွေ.........။လှုပ်ရှားမှုမရှိတဲ့ လက်တစ်ဖက်ဟာ သွေးတွေရော ရှိတော့ရဲ့လားလို့ ထင်မိတဲ့အထိ ဖြူလျော့လွန်းနေခဲ့ပြီး ...........။
ဖိနပ်တို့မပါသော ခြေဖဝါးအစုံဟာလည်း သွေးတို့ဖြင့်
ချင်းချင်းနီလျက်.......။"ငါ ရူးသွားတော့မယ်ထင်တယ်
Jeon.....~~ ငါအရင်
သေသွားလိမ့်မယ်ထင်တယ်""ကယ်နိုင်တယ် ဘာမှမဖြစ်ဘူး!
KimJimin ကို ဘာမှ မဖြစ်ဘဲ ပြန်ခေါ်လာပေးမယ်....။
မင်းစိတ်ကို ငြိမ်ငြိမ်ထားစမ်း!"ပုခုံးတွေကို ကြမ်းကြမ်းတမ်းတမ်းဆွဲခါရင်း Jeon ဆိုတော့
သူ မျက်နှာပြင်အား လက်နှစ်ဖက်ဖြင့် အုပ်လိုက်ရင်း ငြိမ်သက်သွားမိသည်။"အင်းးးငါ့အပြစ်တွေပါပဲ Jeon
ငါအသုံးမကျခဲ့လို့ပါ"ဒေါသတွေကို ပုံချပစ်လိုက်ဖို့
သူကိုယ်တိုင်ကလွဲပြီး ဘယ်သူမှရှိမနေခဲ့ဘူး။စတင်ခြင်းတွေဟာ
မှားယွင်းနေခဲ့တယ်မဟုတ်လား?။>>>>>>>>>>>🖤
နာရီပေါင်းများစွာ အရေးပေါ်ခွဲစိတ်မှုပြုလုပ်ပြီးနောက်
တိကျသည့်အဖြေလိုချင်သော်လည်း ပါရဂူကြီးဟာ
Kim အား အဖြေကိုပေးရန် အလွန်ကိုတုံ့ဆိုင်းနေခဲ့သည်။
YOU ARE READING
ဦးငယ် // Vmin