"အိမ်တော်ထိန်း!"
"လာပါပြီသူဋ္ဌေး"
"KimJimin လက်က ဒဏ်ရာကို
ဆေးခန်းခေါ်ပြလိုက်။
သေချာဂရုစိုက်ထားပြီး
နေ့တိုင်းကျွန်တော့်ကို သတင်းပို့ပါ ကျွန်တော်စိတ်ချမယ်""ဟုတ်ကဲ့ပါသူဋ္ဌေး"
နူးညံ့ညင်သာမှုအလျဉ်းမရှိသော
ခပ်မာမာ စကားသံတွေထဲ
မွေးစားသားလေးအပေါ်
ဂရုစိုက်မှုကတော့ဖြင့်
မပျက်ယွင်းခဲ့.......။>>>>>>>>>>>>>🖤
အိမ်တော်တစ်ခုလုံး
ပိုမိုအေးစက်သွားသယောင်ထင်ရသည်။ဦးငယ် ကတိမတည်ပါ။
တစ်ပတ်ဟုပြောပြီး
ယခု တစ်လပြည့်ရန်သုံးရက်သာလိုတော့သည်။
ပြန်မလာသေးရကောင်းလားဟု
စိတ်ဆိုးရအောင်ကလည်း......မနက်ဖြန်ဆို Jimin ၏
၁၈ နှစ်ပြည့်မွေးနေ့။
သေချာပေါက် ဦးငယ်က သတိရမှာမဟုတ်ဘူးဆိုတာသိပေမယ့် နည်းနည်းလေးတော့ မျှော်လင့်ချင်ပါသေးသည်။ပြန်လာပါအုန်းဗျာ.....။
သို့သော် မွေးနေ့ရက်၌
ဦးငယ်ပို့လိုက်၍ရောက်လာသော
မွေးနေ့ကိတ်ကြီးတစ်လုံးနှင့်
အနက်ရောင်ပြိုင်ကားသည်
Jimin ၏ မျှော်လင့်ချက်များအား အဆုံးစွန်ထိဆွဲချသွားလေသည်။ဒီနေ့ဆို ဦးငယ်ပြန်မလာတာ
တစ်လတင်းတင်းပြည့်ပြီ.......။>>>>>>>>>>>🖤
"Mr. Kim က သေချာဖြေရှင်းနိုင်တာပဲ လျှော့တွက်လို့မရပါလား?"
"နောက်တစ်ခါဆို လှုပ်လို့မရအောင် ချည်ပြီးတုပ်ပြီးမှ ကစားပေးလိုက်မယ်လေ မြို့တော်ဝန်
ဒီတစ်ခါတော့ လွှတ်ပေးလိုက်ပါ့မယ်"မြို့တော်ဝန်က စီးကရက်အား မီးမညှိသေးဘဲ စားပွဲပေါ်တွင် ခပ်ဆဆ သုံးချက်ခန့် ခေါက်လိုက်၏။
"သူ့ဘဝတစ်ခုလုံးလှုပ်ခတ်သွားနိုင်လောက်တဲ့ အားနည်းချက်ကြီးတစ်ခု .......မဟုတ်ဘူး.....
မဟုတ်ဘူး...အားနည်းချက်သေးသေးလေးတစ်ခု...
သေးသေးလေးတစ်ခုပေါ့.....
ကျွန်တော်တွေ့ထားတယ်ဆိုရင်ရော"မြို့တော်ဝန်အား အံ့သြတကြီးလှမ်းကြည့်လိုက်သော
အကြင်သူ၏ မျက်ဝန်းများတွင်
မျှော်လင့်ချက်များက ကပ်ညှိပါလျှက်ရှိလေသည်။
YOU ARE READING
ဦးငယ် // Vmin