" 0407 club မှာ ကိုယ့်ကို လာခေါ် ! "
တုန်ခါသွားသော ဖုန်းလေးကြောင့် ယူဂျင်း၏ ပုခုံးနှစ်ဖက်သည်လည်း ဆတ်ခနဲ ။ ဤဖုန်းဟာ ယူဂျင်း စောင့်မျှော်နေသော ဖုန်းနံပါတ်လေးဖြစ်ပါသည် ။ လွန်ခဲ့သော တစ်နာရီအတွင်း သူ အခါ နှစ်ဆယ်မက ခေါ်နေခဲ့ပါသော်လည်း ဖြေကြားခြင်းမရှိတဲ့ ဖုန်းလေးဟာ ငါးစက္ကန့်မပြည့်တဲ့ စကားတစ်ခွန်းလေးပြောဖို့အတွက် ပြန်ခေါ်လာခဲ့ရုံ ဖြစ်ဟန်ရှိသည် ။
နာရီကို လှမ်းကြည့်သောအခါ ည ၂ နာရီ ၄၅ မိနစ် တိတိ ဖြစ်ချေပြီ ။ မဟုတ်သေးပါ .. သန်းခေါင်ယံကျော်နေပြီ ဖြစ်သော သည်အချိန်ဟာ မနက်ခင်းဟုတောင် ခေါင်းစဉ်တပ်ရပေတော့မလား ။
ယူဂျင်း ဒေါသမထွက်နိုင် ။ တစ်ဖက်မှ သတိတရ ဖုန်းဆက်ဖော်ရသည်ကိုပင် သူ့မှာ ကျေးဇူးတင်သင့်နေပြီ ။ အသင့်ထိုင်စောင့်နေသော စားပွဲပေါ်မှ ကားသော့ကိုဆွဲကိုင်ကာ ဖုန်းထဲက map တွင်လည်း သူ နားစွန်နားဖျားကြားလိုက်သော club နာမည်ကို အမြန်ရှာနေရသည် ။
" ယူဂျင်းနီး ! ဒီအချိန်ကြီး ဘယ်သွားမလို့လဲ "
အိမ်အောက်ထပ်တွင် တစ်ရေးနိုး ရေထသောက်နေသော မေမေနှင့်ဆုံသည် ။ မေမေက အပေါ်ထပ်မှ ဝရုန်းသုန်းကား ပြေးဆင်းလာသော သူ့ကို အိပ်ချင်မူးတူး မျက်လုံးပင့်ကြည့်နေသည် ။ ယူဂျင်း အလျင်လိုနေ၍ " အရေးတကြီးကိစ္စရှိလို့ မေမေ " ဆိုသည့် စကားတစ်ခွန်းသာ ပြောခဲ့နိုင်သည် ။
ငယ်ငယ်ကတည်းက လိမ္မာရေးခြားရှိသောသားတစ်ယောက်အနေနဲ့ ယူဂျင်းကို မေမေတို့က အပြည့်အဝ နားလည်မှုပေးထားသည် ။ အရာရာကို အကျိုးသင့် အကြောင်းသင့်မှသာ လုပ်တတ်သော သူ့အကျင့်ကိုလည်း မေမေတို့က အမြဲ ယုံကြည်မှုရှိသည် ။
အချိန်မတော်မှ ကားသော့တစ်ချောင်းကို ဆုပ်ကိုင်ပြီး အိမ်တံခါးဆီ အရေးတကြီး ဦးတည်နေသော သူ့အပြုအမူဟာ မထူးဆန်းဘဲ ရှိလိမ့်မည်ရော့ ။ သို့ပေသည့် လက်တွေ့မှာမူ အသက် ၂၃ နှစ် ရှိနေပြီဖြစ်သော ယူဂျင်း၏ဆုံးဖြတ်ချက်နှင့် သဘောထားကို မေမေဟာ စောဒက တက်ကာ မေးခွန်းထပ်မထုတ်ခဲ့ပါချေ ။

YOU ARE READING
My Blue : 규진
Fanfiction김규빈 한유진 Arranged by Dalkomham_shots Start : 9/3/2023 Published date : 12/3/2023 End : 30/7/2023 ( 12:10 a.m. ) Book Cover - ARTIST : Uhmericano