Here with me

2.9K 391 67
                                    

" ဒေါ်ကြီးက အရွယ်ရပြီဆိုတော့ အနားယူချင်တယ် ဆိုပြီး အလုပ်ထွက်သွားပြီမို့ အိမ်မှာလည်း ကျွန်တော် တစ်ယောက်တည်း အန်တီရယ် ။ အဲ့တာကြောင့် နောက်ဆိုလည်း ဒီကိုပဲ ခဏခဏ လာလည်ရတော့မယ် ထင်တယ် "


အသက် ၂၆ နှစ်အရွယ် ၊ အလုပ်အကိုင်အတည်တကျရှိနေပြီဖြစ်သော အမျိုးသားဆီမှ ကြားလိုက်ရသော စကားကြောင့် ခေါက်ဆွဲနယ်နေရင်းပင် ယူဂျင်း မျက်နှာရှုံ့မဲ့သွားရသည် ။ ကိုကိုဟာ ငယ်မူပြန်နေသလား အောက်မေ့ရ၏ ။ မေမေ့ဘေးတွင် ထိုင်ပြီး ချွဲချင်တိုင်း ချွဲနေတော့သည် ။ သားအရင်းဖြစ်သည့် ယူဂျင်းကမူ သူတို့နှင့် မျက်နှာချင်းဆိုင်နေရာမှာ တစ်ယောက်တည်းဖြစ်နေရပါသည် ။

မေမေကတော့ ကိုကို့၏ သည်ပုံစံကိုသာ မြင်ဖူးနေကြမို့ထင်ပါသည် ။ အရင်တစ်ခါက ညစာဖိတ်ကျွေးတုန်းကထက် ပိုပြီး တရင်းတနှီးဖြစ်နေ၏ ။ မေမေကသာ ကိုကိုကလေးဆန်ဆန် နေခဲ့သော ပုံရိပ်များကိုသာ ဆက်တိုက်တွေ့ဖူးသေးသည် ။ ယူဂျင်းကတော့ ကိုကို ဟန်ဆောင်ခဲ့သမျှ ၊ အေးတိအေးစက်နိုင်ခဲ့သမျှတွေကို ၆ နှစ်နီးပါး အလူးအလဲ ခံခဲ့ရသည်မို့ တွေးမိတိုင်း မကျေမနပ်ဖြစ်ရသည် ။


" မုန်လာချဉ်လေးလည်းစားနော် "


ပဲခေါက်ဆွဲနှင့်တွဲစားရန် အချဉ်ခွက်ကလေး သူ့ရှေ့သို့ ချပေးလာသော ကိုကိုက အသံသေးကလေးနှင့် မရဲတရဲပြောလာသည် ။ ဘယ်အချိန်က သူ့လက်တွင် လက်စွပ်ကောက်စွပ်လိုက်လဲမသိ ။ ကိုကို့၏ ဝဲဘက်လက်သန်းကြွယ်၌ လက်စွပ် နှစ်ကွင်းရှိနေသည် ။ ကိုကိုဟာ ရာရာစစ ယူဂျင်းနာမည်ပါသော လက်စွပ်ကိုပါ ယူစွပ်ထားသေးသတဲ့ ။


" သိပါတယ် !! "


ဆူဆောင့်ဆောင့်ဖြင့် ဖြေလိုက်သောအခါ သူ့အသံကျယ်သွား၍ မေမေက ယူဂျင်းကို လာဆူသည် ။


" ဖြည်းဖြည်းပြောပါ ယူဂျင်းရယ် ။ ကိုကိုက အကောင်းနဲ့ ပြောတာကို "


သူ ကိုကို့အား တစ်ဖန်ပြန် စူးစိုက်ကြည့်လိုက်ရင်း ခံပြင်းစွာ သက်ပြင်းချလိုက်ရသည် ။ ကိုကိုကမူ ရယ်ချင်နေသော မျက်နှာဖြင့် ပြုံးစိစိလုပ်လျက် ယူဂျင်း ပို၍ အမြင်မကြည်အောင် ခေါက်ဆွဲတစ်လုတ်ကို ပါးစပ်ထဲ ထိုးသွတ်ကာ အားရပါးရ စားပြ၏ ။

My Blue : 규진Where stories live. Discover now