Everything

3.2K 384 36
                                    

၁၉၉၆ ခုနှစ် ၊ ဆိုးလ် ။


" IVF နည်းနဲ့ ကလေးယူမယ် .. ဟုတ်လား အစ်ကို "


မီရာ နားမလည်ချင်ယောင်သာ ဆောင်လိုက်ချင်သည် ။ သူမဟာ နိုင်ငံရပ်ခြားမှာ ကျောင်းတက်လာခဲ့သူဖြစ်သည့်အလျောက် အမြင်ကျယ်သူ တစ်ယောက်ဟု ဆိုနိုင်ပါသော်လည်း တစ်နှစ်ကျော်ကြာပြီ ဖြစ်သော အစ်ကိုနှင့် ထိုကောင်လေး၏ အချစ်ကို လက်ခံမပေးနိုင်သည့် တစ်စုံတစ်ယောက်ဟာလည်း မီရာသာ ဖြစ်သည် ။


" အန်ကယ်ကလက်ခံတယ်တဲ့လား "

" အစ်ကို ဖေဖေ့ကို မပြောရသေးဘူး ။ ဖေဖေက ကိုယ်နဲ့ အက်ဒ်ဝပ်သာဆို နောက် generation တစ်ဆက်ရှိမလာမှာကို စိုးရိမ်နေတယ် ၊ ကိုယ့်မှာ မွေးချင်းလည်း မရှိဘူးလေ ။ ဒါကြောင့် ကိုယ် ဒီကိစ္စကို အကောင်အထည်ဖော်ချင်တယ် ညီမလေးရယ် "

" အဲ့ဒါက ညီမနဲ့ ဘာများ သက်ဆိုင်နေလို့လဲ "


မီရာ ဒေါသနည်းနည်းထွက်လာသည် ။ ဒီနေ့ အစ်ကို သူ့ကို ဖုန်းဆက်ချိန်းလာသည်မို့ စက်ရုံမှာ စစ်ဆေးစရာတွေရှိသည်ကိုတောင် ရက်ရွှေ့ပြီး တစ်ရက်လုံး အချိန်ပေးဖို့ ကြိုးစားခဲ့သည် ။ ထို အားထုတ်မှုဟာ အစ်ကိုနှင့် ထိုကောင်လေး၏ ရှေ့ရေးအစီအစဉ်တွေကို နားထောင်ပေးဖို့မှ မဟုတ်ပါဘဲလေ ။


" အစ်ကို မီရာ့ကို ကိုယ်တို့ရဲ့ Ovum donor ( မမျိုးဥ အလှူရှင် ) ဖြစ်စေချင်လို့ပါ "

" ဟင် "


မီရာ့ နှလုံးသားတစ်ခုလုံး ကျိုးကြေပျက်စီးသွားရလေပြီ ။ အစ်ကို့ မျက်ဝန်းတွင် တောင်းဆိုမှု ၊ အားနာမှု နှင့် မျှော်လင့်ချက်တို့ ရောနှောနေသည် ။ မီရာ အစ်ကို့ကို ဆက်မကြည့်နိုင်တော့ဘဲ မျက်စိရှေ့က သစ်ရွက်ပုံဖော်ထားသော ကာပူချီနိုတစ်ခွက်ကိုသာ ငေးစိုက်ကြည့်နေမိ၏ ။

အက်ဒ်ဝပ်ကတော့ ဤစကားဝိုင်းတွင် အငယ်ဆုံးဖြစ်သည့်တိုင် ဘာတစ်ခွန်းမှ ဝင်မပြောပေမဲ့ အစ်ကို့ဘေးတွင် ညှိုးငယ်စွာ ထိုင်နေသည် ။ မီရာ သူနှင့် မျက်လုံးချင်းလှမ်းဆုံတော့ သူက မီရာ့ကို အားနာနေပုံဖြင့် မျှော်လင့်တကြီး ကြည့်ရှာသည် ။

My Blue : 규진Where stories live. Discover now