Scars

2.9K 403 32
                                    

" မနက်ဖြန် စနေနေ့ကို ငါ မင်းအိမ်အထိ လာခေါ်မှာမလို့ ရှောင်နေမယ်မကြံနဲ့ ယူဂျင်း "


မိုဟာက ယူဂျင်းတို့ ခြံရှေ့အထိ လိုက်ပို့ပေးပြီး အမှာစကား မပြတ်တမ်း ခြွေနေသည် ။ သူတို့ နှစ်ယောက် အိမ်ပြန်ရောက်သောအချိန်က ည ၁၂ နာရီဝန်းကျင် ဖြစ်နေခဲ့ပြီ ။ အမ်မာတစ်ယောက် ဖုန်းတဂွမ်ဂွမ်ဆက်နေ၍ အားနာရသော်လည်း မိုဟာကတော့ သူ အိမ်ပြန်ရောက်လျှင် စိတ်ကောက်ခံရတော့မှာထက် ယူဂျင်း၏ ကျန်းမာရေးကို ပိုစိတ်ပူနေသည် ။

ဆေးရုံတွင် အရေးပေါ်အခန်းသို့ ရောက်သွားပြီး မိုဟာ သူ့အကြောင်းအား ဘယ်လို ဇာတ်လမ်းဆင်လိုက်သလဲမသိပါ ။ ထိုမှ တာဝန်ကျဆရာဝန်က သွေးပေါင်ချိန်တိုင်း ၊ အဖျားတိုင်းရုံမှတစ်ပါး ဘာမှ ထပ်မစစ်ဆေးပေမဲ့ ယူဂျင်းကို မနက်ဖြန် ဦးနှောက် CT scan ရိုက်ဖို့ ပြောလာခဲ့သည် ။


ယူဂျင်း သိသည် ။ သူ သည်တလောမှာ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်မိ၍သာ သည်လောက်အထိ ဖြစ်သွားရသည်ပဲမဟုတ်လား ။ မိုဟာ ထင်နေသလို ရောဂါကြီးကြီးမားမားလည်း ရှိနိုင်မည်မထင်ပါ ။ ယူဂျင်းအတွက် ခေါင်းကိုက်ရောဂါဟာ စိုးရိမ်ချင်စရာကောင်းသည့် အထူးအဆန်းတစ်ခုတော့မဟုတ်ခဲ့ပေ ။ မေမေ ငယ်ငယ်က သင်ပေးထားသည့်အတိုင်း ဆေးသောက်လိုက်လျှင် ချက်ချင်း ပျောက်သွားမည့် အသေးအမွှားကိစ္စလေးရယ်ပါ ။


" မနက်နိုးရင် Coffee / energy drink တွေ မသောက်ခဲ့နဲ့နော် ။ ဒေါက်တာမှာတာတွေ မှတ်မိတယ်မလား "


အဘိုးကြီးတစ်ယောက်လို တစ်လမ်းလုံး တတွတ်တွတ်ပြောနေခဲ့သော မိုဟာသည် သူ့ချစ်သူလေး အမ်မာ့ဆီမှ အကျင့်တွေ အမှန်တကယ် ကူးစက်လာခဲ့ပုံရပါသည် ။ သို့ပေသည့် ယနေ့အတွက် မိုဟာ့အပေါ်မှာ သူ ကျေးဇူးအကြွေးတင်သွားခဲ့ပြီဆိုလျှင်လည်း မမှားပါ ။ အရေးပေါ်ခန်းတွင် တစ်နာရီနီးပါး နားလိုက်ရသဖြင့် လက်ရှိတွင် ယူဂျင်းဟာ မိုဟာ့အိမ်မှာလောက် အခြေအနေမဆိုးတော့ဘဲ တဖြည်းဖြည်း သက်သာစပြုနေပြီ ။


" အင်းပါ ၊ မှတ်မိပါတယ် ။ ဒီနေ့အတွက် ကျေးဇူးပါပဲ မိုဟာ "

My Blue : 규진Where stories live. Discover now