" ဟိုတစ်နေ့က ဂယူ့ကို အလုပ်ရှုပ်ခိုင်းလိုက်ရလို့ အန်တီက အားနာနေတာ ၊ ပိတ်ရက်မှပဲ ခုလို တွေ့ဖြစ်တော့တယ် ။ ယူဂျင်းကို လိုက်ရှာပေးလို့ ကျေးဇူးတင်ပါတယ်ကွယ် "
သူစိမ်းဆန်ဆန် ဖြစ်နေသည့် ပြန်လည်တွေ့ဆုံခြင်းတွင် ကျေးဇူးတင်စကားတစ်ခွန်း၏ အဆုံး၌ ရုတ်တရက်တိုးတိတ်သွားသော စားပွဲဝိုင်းသို့ ရေဖြည့်ပေးရန် ရောက်လာသော ဝန်ထမ်းကောင်လေးကသာ ကယ်တင်ရှင် ဖြစ်နေသလို ။
" ရပါတယ် အန်တီ ။ ကျွန်တော့် အတွက် အပန်းမကြီးတဲ့ ကိစ္စပါ ၊ ဘယ်လိုပဲဖြစ်ဖြစ် ယူဂျင်းကိုကျွန်တော်လည်း စိတ်ပူလို့ လိုက်ရှာ ဖြစ်မှာပါ "
ဂယူသည်လည်း အန်တီနှင့် ပြန်လည်အကျွမ်းတဝင်ဖြစ်ရန် အတတ်နိုင်ဆုံး ကြိုးစားနေရသည် ။ အန်တီနှင့် သူ စတွေ့ခါစတုန်းက သူဟာ ဆယ်ကျော်သက်သာသာကောင်လေးသာရှိသေးသည် ။
အန်တီက သူ့အပေါ် နွေးထွေးပါသည် ။ ယူဂျင်းနည်းတူ သားတစ်ယောက်လို ဆက်ဆံပေးသည် ။ သူကသာ ထိုအေးချမ်းသော မိသားစုလေးဆီမှ ဝေးနိုင်သမျှဝေးအောင် ရှောင်ကွင်းနေခဲ့သည်မို့ ယခုအချိန်မှာ နေရခက်မိခြင်းပင် ။
လက်ရှိကာလတွင်တော့ အန်တီကိုယ်တိုင်သည်လည်း ဂယူ့အား ကလေးတစ်ယောက်လို မမြင်တော့ဘဲ လူကြီးတစ်ယောက်ဟု တစ်ဆင့်ကျော်ကာသတ်မှတ်လိုက်ပုံရသည် ။ ထို့ကြောင့် ကလေးတစ်ယောက်လို မဆက်ဆံတော့သည်မှလွဲ၍ သူမ၏ မေတ္တာရောင်လွှမ်းသော မျက်ဝန်းတို့ကတော့ အရင်အတိုင်းပါပင် ၊ ပြောင်းလဲမသွားပါ ။
စိမ်းသက်ခြင်းဆိုသည့် ခေါင်းစဉ်ကို ရှောင်လွှဲရန် သူ့ မျက်လုံးများ အခြေစိုက်ရာ အန်တီ့နံဘေးသို့ အကဲခတ်မိစဉ် ကော်ပတ်ရုပ်ကလေးနှင့်တူသော ကောင်ငယ်လေးဟာ လှပသော ဖြစ်တည်မှုနှင့်အတူ တိတ်ဆိတ်ပါသည် ဆိုသော ဂုဏ်သတ္တိအတိုင်း သူ့နေရာတွင် ငြိမ်နေလျက်ကလေးသာ ရှိနေဆဲပါလေ ။
အကြောင်းစုံသိနေသူချင်းမို့ အန်တီက သူ့အကြောင်းကို အထူးအထွေမှတ်ကာ လိုက်မေးမနေပါ ။ မှာထားသော မီနူးများကို စောင့်ရင်း တစ်ခါပြန် ငြိမ်ချက်သားကောင်းသွားပြန်သော သူတို့ သုံးယောက်၏ ပတ်ဝန်းကျင်တွင် ဂယူ လုပ်စရာက သူ့ရှေ့က ယူဂျင်းကို ငေးနေရုံသာ ရှိသည် ။
![](https://img.wattpad.com/cover/336698209-288-k652051.jpg)
YOU ARE READING
My Blue : 규진
Fanfiction김규빈 한유진 Arranged by Dalkomham_shots Start : 9/3/2023 Published date : 12/3/2023 End : 30/7/2023 ( 12:10 a.m. ) Book Cover - ARTIST : Uhmericano