* lunch time ကိုယ် ကျောင်းရှေ့မှာ စောင့်နေမယ် *
ကိုကိုသည် ယူဂျင်းအတန်းတက်နေချိန်တွင် မတ်ဆေ့ချ်ပို့လာခဲ့၏ ။ မကြာခင် နေ့လယ်စာစားချိန်ရောက်တော့မည်မို့ ယူဂျင်း ပျော်သွားပေမဲ့ နောက် နှစ်နာရီလောက်ကြာရင် ယူဂျင်းတို့ အနုပညာတက္ကသိုလ်ကို Yeol Eum Son က အထူးဧည့်သည်တော်အနေနဲ့ လာရောက်ဖျော်ဖြေမည့် အစီအစဉ်လည်း ရှိနေလျက်သား ဖြစ်နေသည် ။
Yeol Eum Son ဆိုသည်မှာ နာမည်ကျော် စန္ဒရားပညာရှင်တစ်ဦးဖြစ်ပြီး တွေ့ချင်တိုင်း အလွယ်တကူ တွေ့ခွင့်ရသူ မဟုတ်ပါပေ ။ တစ်နည်းအားဖြင့် ယူဂျင်းတို့လို အနုပညာကျောင်းသားတွေအတွက်တော့ သူမဟာ ဂုဏ်သတင်းကြီးမားသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး မည်သူမဆို အပြင်မှာ တွေ့ဆုံခွင့်ရချင်သော စံပြပုဂ္ဂိုလ်လို လူမျိုး ဖြစ်သည် ။
သူမဟာ များပြားလှသော ပီယာနို ထူးချွန်ဆုရှင် ဖြစ်သည့်တိုင် ဂန္တဝင် သီချင်းကြီးတွေကို ပိုင်ပိုင်နိုင်နိုင်တီးခတ်နိုင်သော ပါရမီ ထူးချွန်လှသူ တစ်ယောက်ဆိုလျှင်လည်း မမှားပါပေ ။ ထိုကဲ့သို့သော သူမ၏ ဖျော်ဖြေမှု နှင့် သင်ကြားပို့ချများမှုကို ဟောပြောပွဲတစ်ခုအဖြစ် အပြင်မှာ မြင်တွေ့ခွင့်ရဖို့ ဆိုသည်မှာ ယူဂျင်းအတွက် နောက်ထပ် တစ်ကြိမ် ကြုံရဖို့ ခက်ခဲသည့် အခြေအနေဟု ဆိုရလိမ့်မည် ။
သို့သော် ထိုမျှ ရခဲသော အခွင့်အရေးက ကိုကို့ရဲ့ ချိန်းဆိုမှုနဲ့လာတိုက်နေသတဲ့လေ ။ နှစ်ဖက်လုံးဟာ ယူဂျင်းအတွက် လက်မလွှတ်ချင်ဆုံး အရာနှစ်ခုဖြစ်နေ၍ အတော်လေး ဝေခွဲရခက်နေသည် ။
* ကျောင်းဆင်းမှဆိုရင်ရော အဆင်ပြေလားဟင် ။ ဒီနေ့ ကျောင်းကို Yeol Eum Son လာမှာမလို့ ကိုကို ။ သူ့ကို ကျွန်တော် အများကြီး ကြိုက်တာ ကိုကို့ကို အရင်က ပြောဖူးတယ်ဟုတ် ? *
ယူဂျင်း စာပြန်လိုက်ရပေမဲ့ ရင်ထဲမှာတော့ တထိတ်ထိတ် ဖြစ်နေခဲ့ပေပြီ ။ လွန်ခဲ့တဲ့ သုံးရက်က မူးပြီး မနက် ၃ နာရီ ကျော်မှ အိမ်ပြန်ရောက်ခဲ့တာကိုလည်း ကိုကိုက မှတ်တောင်မှတ်မိမည်မထင်ပါ ။ မမှတ်မိလို့လည်း အချိန်တစ်ခုကြာမှ ဘာမှမဖြစ်သလို ဆက်သွယ်လာနိုင်သည်ပေါ့ ။
![](https://img.wattpad.com/cover/336698209-288-k652051.jpg)
YOU ARE READING
My Blue : 규진
Fanfiction김규빈 한유진 Arranged by Dalkomham_shots Start : 9/3/2023 Published date : 12/3/2023 End : 30/7/2023 ( 12:10 a.m. ) Book Cover - ARTIST : Uhmericano