13

3.5K 439 34
                                    

လိုင်စင်နံပါတ်ပြားကို သေချာ မမြင်ရတော့သည်အထိ ကားရှေ့ပိုင်းတစ်ခုလုံး တွန့်ကြေသွားအောင် တိုက်ခံထားရသော အနက်ရောင်ကားကလေး ။ ဂယူ ရှေ့သို့ နည်းနည်းဆက်တိုးလျှင် ထိုနေရာကို ရောက်နိုင်ပြီ ဖြစ်သည် ။

သို့သော် ရှေ့သို့ ဆက်သွားနေသော သူ့ခန္ဓာကိုယ်အား အင်အားမမျှအောင်တားဆီးနေသည့် အရာများရှိနေသည် ။ ဂယူ မသိသော သူစိမ်းလူများက ဘေးတွင် ဝိုင်းလာသည် ။ ထိုသူတို့သည် သူ့အား လက်နှစ်ဖက်မှ ဆွဲကာ သူ၏ ဦးတည်ရာဖြစ်သော အနက်ရောင်ကားလေးဆီနှင့် ဆန့်ကျင်ဘက်အရပ်သို့ ခေါ်ဆောင်သွားကြသည် ။

လေဆန်လို ပင်ပန်းဆင်းရဲစွာ ရုန်းရသော အခိုက်အတန့်တွင် ဂယူ့ ပုံစံသည် မည်မျှ ပျက်ယွင်းနေလိမ့်မည်လဲ မသိတော့ ။ 

သေချာသည်က သူ့ပါးပြင်တွင်တော့ မျက်ရည်များဖြင့် ဖုံးလွှမ်းနေပါလိမ့်မည် ။ အက်ကွဲမတတ် နာကျင်နေပြီဖြစ်သော လည်ချောင်းတွင် စကားလုံးတို့ဟာ မသဲမကွဲဖြစ်နေနိုင်ပါသည် ။ သူမသိလိုက်ခင်မှာတင် ' ယူဂျင်း ' ဆိုသော နာမည်တစ်ခွန်းကိုသာ အကြိမ်ပေါင်းမနည်း အော်ဟစ်နေမိကြောင်းကို ဘေးလူများတော့ ကြားနိုင်ပါလိမ့်မည် ။


" ဆုံးသွားတဲ့ နစ်နာသူက ဟန်မျိုးရိုး ဆိုတာကိုပဲ သိရသေးတယ် ။ ကုန်တင်ကားကြီးပေါ်က လူကတော့ အသက်ရှင်နေသေးတယ် ။ အသက်ကယ် အကူအညီလိုလိမ့်မယ် "


ရဲဝန်ထမ်းများ၏ တရစပ် အော်သံတို့ကြောင့် အခင်းဖြစ်ပွားရာဝန်းကျင်တွင် ဆူညံပွက်လောရိုက်နေသည် ။ ဟန်မျိုးရိုးဆိုသော အတည်ပြုချက်တစ်ခု၌ သူ့ရင်ခုန်နှုန်းတွေ ရပ်တန့်သွားသလိုပင် ။ 


" ဆေးအဖွဲ့က ဒေါက်တာတို့ ကားနားကို အရမ်းမကပ်သွားပါနဲ့ဦး ၊ ခဏ စောင့်ပေးပါခင်ဗျာ .. အထဲမှာ ဝိုင်ယာရှော့ခ်ဖြစ်ပြီး အုန်းခနဲ ပေါက်သွားနိုင်လို့ပါ "


ထိုအနီးတဝိုက်သို့ ကယ်ဆယ်ရေးအဖွဲ့များ တစ်ယောက်စ ၊ နှစ်ယောက်စ ဝိုင်းအုံလာသော အနိဌာရုံမြင်ကွင်းသည် လိုလားနှစ်သက်ဖွယ်ရာ အလျဉ်း မရှိပါ‌ပေ ။

My Blue : 규진Where stories live. Discover now