In the stars ( FINAL )

5.6K 428 118
                                    

" ကိုကိုရောဟင် .. "


အစ်ကို ဂွန်းနုနှင့် ကိုကိုတို့ နှစ်ယောက် သည်နေ့ မြို့ဈေးထဲ ကုန်ပစ္စည်းများပို့မည်ဆိုပြီး ထွက်သွားခဲ့ကြသည်။ မွန်းလွဲချိန်၌ အစ်ကို ဂွန်းနု ပြန်ရောက်လာသောအခါ ကိုကို ပါမလာခဲ့ပေ။ သည်နေ့က မိုးရွာမလိုနှင့် အုံ့မှိုင်းမှိုင်းလေးမို့ ရာသီဥတု သာယာသလိုထင်ရသော်လည်း ယူဂျင်းအတွက်တော့ ဖျားချင်နေပြီး နေလို့ထိုင်လို့မကောင်းလှပါ။


" သူ ဝင်စရာလေးရှိသေးလို့ နေခဲ့တယ်။ ပြီးရင် လိုက်လာမယ်တဲ့၊ မင်း စိတ်မပူဖို့ ပြောပေးပါဆိုလို့ အစ်ကို လာပြောတာ "


သူ စိတ်ထင်နေလို့ပဲလား မသိ၊ အစ်ကို့ မျက်နှာဟာ သည်နေ့မှ တစ်မျိုး ဖြစ်နေသည်။ ခြံရှေ့လေးမှာတင် ကားရပ်၍ ခြံထဲမှ သစ်သားခုံတန်းလေးပေါ် ထိုင်စောင့်နေသော ယူဂျင်းကို လှမ်းပြောလာခဲ့ရုံပင်။ အစ်ကို့မျက်လုံးတွေက ငိုထားသလိုတောင် ထင်ရသည်။


" ကျန်းမာရေး ဂရုစိုက်အုံး ယူဂျင်း။ မင်းကို ကြည့်ရတာ တစ်ရက်တစ်ရက် ပိုပြီး သေးသွားသလိုပဲ "


ယူဂျင်း မလုံမလဲ ဖြစ်သွားပြီး အင်္ကျီလက်များကို အောက်သို့ အတင်းဆွဲချနေမိသည်။ နွေရာသီတွင်တောင် အပူခံပြီး အင်္ကျီ အထူကြီးတွေ ဝတ်ထားတတ်သောသူ့အား မည်သူကမှ တားမရသည့်အဆုံး လွှတ်ထားပေးကြရသည်။

သည်လောက် ဖုံးဖိထားလျက်နှင့်တောင် ကိုယ်အလေးချိန်ကျသွားသော ပုံစံက သိသာနေတုန်းပဲလားဟု အလန့်တကြား တွေးမိရင်း အစ်ကို ဂွန်းနုကို အမြန်ခေါင်းညိတ်ပြလိုက်သည်။ ပါးရိုးများ ထင်းလာပြီး မရွှင်မလန်း ဖြစ်နေလောက်မည့် မျက်နှာကိုတော့ ယူဂျင်း ဘယ်လိုမှ ဖုံးကွယ်ထားနိုင်မည်မထင်တော့ပါ။


" ဖုန်းလာနေတယ် ကလေးလေး "


အိမ်ခန်းထဲမှ ဒေါ်လေးက ယူဂျင်း၏ ဖုန်းကို ယူလာပေးသည် ။ ခေါ်ဆိုသူဟာ ကိုကို မဟုတ်လျှင် မေမေ ဖြစ်လောက်မည်။ သို့မဟုတ် မိုအာတို့ အုပ်စုထဲမှ တစ်ယောက်လည်း ဖြစ်ချင်ဖြစ်နိုင်သည်။ ထိုလူတွေမှမဟုတ်လျှင် ယူဂျင်းကို ဖုန်းဆက်လာမည့်သူ မရှိပါ။

My Blue : 규진Where stories live. Discover now