" အဟွတ် အဟွတ် "
သည်နေ့တော့ ယူဂျင်း ကျောင်းသွားမှဖြစ်မည် ။ သူ့ကို သည်တစ်ပတ်လုံး ကျောင်းတွင် မမြင်ရသေး၍ မိုဟာတို့ အုပ်စုတောင် ဖုန်းဆက်မေးနေပြီဖြစ်သည် ။
ထို့အပြင် ကိုကိုကလည်း သူ ကျောင်းတက်သည်အထင်နှင့် ညနေတိုင်းကျောင်းမှာ သွားစောင့်နေတတ်သည်မို့ သည့်ထက်ပိုပြီး မသိသာခင်မှာ ယူဂျင်း အရင်လို ဟန်မပျက်ပြန်နေမှဖြစ်မည် ။
ပြဿနာက မနက်ခင်းတိုင်းမှာ နိုးထလာမည်ကို ကြောက်နေမိသည့်တိုင် မခံမရပ်နိုင်အောင် ခေါင်းကိုက်နေခြင်းပါပင် ။ ယခုဆိုလျှင် အော့အန်ချင်စိတ်တစ်ခုပါ တိုးလာပြီး ဘာမှမစားထားလျှင်တောင် ရင်ထဲတွင် လေတွေနှင့် ပြည့်နေတတ်သည် ။
" အာ့ .. "
မျက်ရည်ဝဲမတတ် ဒုက္ခခံလိုက်ရအပြီးတွင်တော့ ယူဂျင်း၏ ခြေထောက်များဟာ ရေချိုးခန်းကြမ်းပြင်သို့ ခွေခေါက်လုနီးပါး ယိုင်နဲ့နေခဲ့လေပြီ ။ ပျို့နေသော စိတ်ကြောင့်သာ အန်နေရပေမဲ့ ဘာမှထွက်မလာခဲ့ဘဲ မောဟိုက်မှုများသာ အဖက်တင်ခဲ့သည် ။
မျက်ရည်ပူတချို့ မျက်ဝန်းမှ စီးဆင်းလာပြီး ဟန်ချက်ပျက်ကာ ရေချိုးခန်းကြမ်းပြင်သို့သာ ပေပေတေတေ ထိုင်ချလိုက်ရသည် ။ ဝေဝါးကာ ကြည်လင်မှု ကင်းမဲ့သော မြင်လွှာတွင် အဖြူရောင် ကြမ်းခင်းဟာ ငြိမ်သက်မနေဘဲ လှုပ်ရှားနေခဲ့၏ ။
လက်ဖနောင့်နှင့် နားထင်ကို ဖိထားကာ ရေချိုးကန်သို့သွားရန် မျက်လုံးများကို ကျုံ့ချည်လျော့ချည် လုပ်နေမိသည် ။
ဝေလီဝေလင်းအချိန် ၊ စောလွန်းနေသော်လည်း တစ်ခါတစ်ရံ မေမေက သူ့အား နှိုးရန် အခန်းထဲသို့ ဝင်လာတတ်သည် ။ မြန်မြန် ရေထချိုးဖို့လိုသည် ။ ယူဂျင်း၏ သည်လိုပုံစံကိုသာ မေမေ မြင်တွေ့သွားပါလျှင် ခက်ကုန်တော့မည်မဟုတ်လား ။
-
-
-ဆေးရုံမှ ပေးလိုက်သော သောက်ဆေးအချို့ကို စားနေကျ ပူရှိန်းသကြားလုံးဘူးထဲသို့ ပြောင်းထည့်ထားရသည် ။ သူတို့အိမ်တွင် ဆေးပညာနှင့်အဝေးဆုံးလူဟာ ယူဂျင်းသာရှိသည် ။ မေမေက သူ့အခန်းထဲကို မလိုအပ်ဘဲ လက်လွတ်စပယ် မဝင်တတ်ပေမဲ့ တတ်နိုင်သမျှ ကြိုရှောင်ထားဖို့လိုသည်လေ ။
YOU ARE READING
My Blue : 규진
Fanfic김규빈 한유진 Arranged by Dalkomham_shots Start : 9/3/2023 Published date : 12/3/2023 End : 30/7/2023 ( 12:10 a.m. ) Book Cover - ARTIST : Uhmericano